ဝိဥဉ် ၂

No Comments »


ဝိဉ် ကိုလူတွေဘာလိုကြောက်နေကြတာလဲ……………

တွေးကြည့်ရင် ခင်ဗျာ တို့သနားသွားမှာပါ ………………….ဘာလို့လဲဆိုတော့

သူတို့ဟာ ကိုယ်ချစ်တဲ့သူကိုတောင် ကိုယ်ထင်ပြခွင့်မရှိနိုင်လိုပေါ့

 

နေမြင့်လျှင် အရှုးရင့်လေဆိုတဲ့ စကားပုံကိုသူ စဉ်စားနေမိသည်။ ဟုတ်တော့လည်း ဟုတ်မှာပါ ရှုးသွပ်နေသူ တယောက်ဖို့တော့ နေရဲ့ အပူရှိန်မြင့်လာတာနဲမျှ ပိုပြီး ရှုးလာ တယ်ထင်တယ်။

ဒါဆိုရင် သူကကော ရှူးသွပ် နေသူလား?

အကယ်ရ်ျ သူ ရှုးနေတယ်ဆိုရင် တရားခံက တော့ မင်းပဲ လူသားမလေးရယ်။

အချစ်ဆို တာ ပိုင်ဆိုင်စရာမလိုဖူးတဲ့ လား ။ သူ ပဲဆိုခဲ့တာမဟုတ်လား ဒါပေမယ့် သူကတော့ တကယ်တမ်း ဒါကြီးကိုလက်ခံ နိုင်ခဲ့လို့လား။

သူ မသေချာခဲ့ပါ။ လောကကြီး မှာရှိတဲ့ သက်ရှိတိုင်း ကတော့ သူတိုဆွဲလန်းတဲ့ အရာ ကိုတော့ ပိုင်ဆိုင် ခြင်ကြတာကြီး ပဲ ။ ဒါဆိုသူကကော………………

ပထမတော့ သူ ……………အဒီကောင်မလေးကို ဒီတိုင်းလေးကြည့် ယုံနဲကြေနပ်နိုင်မယ်ထင်ခဲ့တာ။ ခုတော့ မဟုတ်ဘူး ……..မဟုတ်ခဲ့ဘူး ။ ခုသူမှာ ဆန္ဒတခု ဟာ အရှိန်ပြင်း စွာတောင်းဆိုနေတယ် ဒါကဘာလဲဆိုတော့ သူ သူမရဲ့ ဆံပင် ရှည်လေးတွေကို ဆုပ်ကိုင် နမ်းရှုပ် ခြင်တဲ့ ဆန္ဒကြီးပေါ့ ။

 

အဒီ ဆန္ဒက ဘယ်လောက်ကြီးလဲဆို သူ အဒီရာ တွက် အရာအာလုံး ကို ပေးဆပ်နိုင်ခဲ့တယ် ။ တကယ်လို့ သူတဘ၀ စာလုံးဆိုလဲ သူ ငြင်းမိမယ် မထင်ခဲ့ပါဘူး။

ဒါကြောင့် ကျနော် ကပြောတာ ကျနော်ဟာ ရှုးနေတဲ့ ၀ိဥဉ် တကောင်ပါဆို။ လက်သည် ကတော့ မင်းပဲ ပေါ့ ဆံပင်ရှည်လေး နဲ့ တောင်မလေးရယ်

ဟေ့ကောင် မင်းရှုးနေပြီ။

ညီဇော် ကသူ့ကို ဆူးဆူးဝါးဝါးကြည့် ပြီး ဒေါသတကြီးပြောသည်။ သူက တော့ ခေါင်းလေးခါပြီး

အချစ်နဲ့ တွေ့တော့ သက်ရှိတိုင်း စောက်ရှုး ဖြစ်သွားကြတာကြီးပဲ သာကြီးရယ်

ညီဇော် ကတော့မျက်နှာကြီးကို ရှုံ့မဲ့ ပြီး …………………….

ဟေ့ကောင်မင်း ပြောတော့ အချစ်ဆိုတာ ဆွဲလန်းယုံနဲ့ ပဲ ကျေနပ်နေတာပဲဆို ဒါမင်းထုတ်ထားတဲ ဒသနပဲလေ ပလေတိုးလက်သစ်ရယ်………..

ဆွဲလန်းခြင်း ရဲ့ နောက်မှာ ပိုင်ဆိုင်လိုခြင်း အတ္တ ဆိုတာကြီး က ကပ်ပါလာ တာပဲ ငါသာ ဒါကြီး ကိုထိန်းချူပ် နိုင်ခဲ့မယ်ဆိုရင် ငါဟာ နတ်ပြည်ဆိုတဲ့နေရာမျီူးရောက် နေပြီပေါ့

ညီဇော် က မဲ့ပြုံး ပြုံသည် ။ သူက

ဒါတွေထားပါ ငါကို ကူညီပါအုန်းကွာ

ဘယ်လိုကူညီ ရမှာလည်း

ငါ အဒီကောင်မလေးရဲ ဆံပင်ရှည် လေးကို ကိုင်ကြည့်ခြင်တယ်ကွာ။ ဒါ က ငါရဲ့ ဆန္ဒပဲ

သူစကားကြောင့် ညီဇောလူပ်လူပ်ရှား ရှားဖြစ်သွားသည်။ ပြီး အလန့်တကြား

ဟေ့ကောင် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကွ ၀ိဥဉ် တကောင်က ဘယ်လိုလူသား ကောင်မလေးတယောက် ကိုင်ကြည့်လို့ ရမှာလဲ လုံး ၀မဖြစ်နိုင်ဘူး ကွာ

ဆန္ဒ ရှိမယ်ဆိုရင် အရာအားလုံးဖြစ်နိုင်ပါတယ်ကွာ

ဒါပေမယ့် မင်း တန်ဖိုးကြီး ကြီးပေးဆပ် ရမယ်နော်

ညီဇော် အသံ ကစိုးရိမ်မူ့ အပြည့်နှင့် ။ ဒါပေမယ့် သူက

တခုခုကို လိုခြင်လို ပေးဆပ်လိုက် ရထက် ဒီတိုင်း ထိုင်ကြည့် နေပြီးဆုံးရုံး သွားတာက ပိုခံစား ရပါတယ်

မင်းတကယ်ဆုံးဖြတ်လိုက်ပြီလား သူငယ်ခြင်း

ညီဇော် အသံက ဆွေးမြေ့လွန်း လှသည်။

ဘယ်လို လုပ်ရမလဲ ဆိုတာသာ ငါ့ကို ပြောပါ

ငါ သိသလောက်ဆို မင်းကိုကူ ညီနိုင်မယ့် တစုံတယောက်ရှိတယ်

ငါ့တူ ရယ် မင်းဆန္ဒ က ကောင်းကင်ရဲ့ အလိုတော် ကြီးနှင့် ဆန့်ကျင်နေတယ်ကွ ။ အဘိုးတော့ အားမပေးခြင်ဘူး။

ဝီဥဉ် အိုကြီး က တုန်တုန်ရင်ရင်နှင့် သူကိုပြောသည်။ သူ သည် ကျောင်းဝင်းတွင်း တွင်းရှိ ညောင်ပင်အိုကြီး တွင် မှီတင်းနေထိုင် သည်။ ခု ညီဇော် ဆိုလိုသော တစုံတယောက် သည်  ဒီဝိဥဉ် အိုဖြစ်သည်။

အဘ ရယ် ကူညီနိုင်မယ်ဆို ကူညီ ပါ ကျနော် အရမ်းကို ဆန္ဒ ပျင်းပျ နေလိုပါ။

သူက မမောနိုင်မပန်း နိုင် တိုးလျှီုနေမိသည်။ အဘိုးအိုက

ခက်တယ်ကွာ ။ မင်းသေချာ စဉ်းစာနော် ဒါဟာလောကကြီးရဲ အလိုကိုဆန်ကျင်တာ နော် မင်းအပြစ်ဖြစ်မယ်

အဘိုး အို၏ မျက်နှာ တွင် စိုးရီမ်စိတ်တွေအထင်းသားပေါ်နေသည်။

တစုံ တခု ကို ရယူခြင်တယ်ဆိုရင်တော့ ထိုက်တန်တဲ့ အဖိုးခတော့ ပေးဆပ်ရမယ်ဆိုတာ ကျနော်သဘော ပေါက်ပါတယ်။

ဒါပေမယ့် အဖိုးခက သိပ်ကြီးလွန်း တော့ မင်း အတွက် မထိုက်တန် မှာ ဆိုးလိုပါ

ဘယ်လို အဖိုးခမျိုး မိုလိုလဲ အဘရယ်

သူ အမေး ကို အဘိုးအိုက တလုံးခြင်းဖြေတယ်

မင်း ဘ၀တခုလုံးပဲ ဘာလိုလဲဆိုတော့ မင်းက လောကကြီး ရဲ နိယာမကို ဆန့်ကျင်လို့ မင်း ငရဲ ကျလိမ့်မယ် ။

အရာအားလုံး တဒင်္ဂ တိတ်ဆိပ်သွားခဲ့သည်။ လေပြင်းတချက်ဝေ့သွားသော ကြောင့် ညောင်ညိုပင် က သစ်ရွက်ခြောက်များသည် မြေပင်ပေါ်သို့တဖြူတ်ဖြူတ် မြေပြင်ပေါ် သို့ကြွေကြ နေသည်။

နောက်သူ စကားစလိုက်တယ်။

သူမ ရဲ့ ဆံပင်လေးကို ကိုင်တွယ်နမ်းရုံး ဖို့ အတွက် ပေးဆပ်ရမယ့် တန်ဖိုးဟာ ကျနော်တဘ၀ လုံးဆိုရင်လည်း ကျနော်က တော့ ကျေကျေ နပ်နပ်ကို အဒီတန်ဖိုးကိုပေးမှာပါ။

သူ စကားကြောင့် ဘေးနားတွင်ရပ်နေသော ညီဇော်က သူပခုံးကိုကိုင်ပြီး ။ စကားစသည်

မင်းတွက် တန်လိုလားကွာ ။  ညီဇော် အသံက ရှိုက်သံတွေ နှင့်

လောကမှာ ကိုယ့် ဆန္ဒ မပါဘူး ဆိုရင် ကမ္ဘာကြီးကို ကယ်တင်တဲ့ အလုပ်တောင်မထိုက်တန်ဘူး အဲ ကိုယ်ဆန္ဒ သာပါမယ်ဆိုရင် ပုရောဆိတ်လေး သတ်တာတောင်ထိုက်တန်ရင် ထိုက်တန်တတ်တယ် ကွာ

ထို`ခါအဘိုးအိုက

မင်းဆုံးဖြတ်ချက်မ ပြင်တော့ဘူးဆိုရင် ငါနဲလိုက်ခဲ့မင်းကို လူသားတွေကိုထိတွေနိုင်တဲ့ ဆေးရည်ကိုငါတိုက်မယ်

သူ ပေါ့ပါးသွက်လပ်စွာ ၀ိဥဉ်အဘိုးအို နောက်က လိုက်သွားခဲ့သည်။

 

သူမ ဒီ စာသင်ခန်းလေးတွင် စာသင်ရသည်မှာ စိတ် စနိုးစနောင့်ဖြစ်ဖြစ်နေသည်။ ဘာကြောင့်လဲတော့ သူမ အသေချာမသိ။ ဒါပေမယ့် သူမ သိနေသည် တစုံတယောက် ကသူမကို စူးစူး ဆိုက်ဆိုက်ကြည့်နေ သည်ဆိုတာ ။ ဒီထက် ပိုသေချာ တာက အဒီ တစုံတယောက် ဟာ လူသားတယောက် မဟုတ်တာကိုပဲ။ ဒီတွေးက သူမကို ကြက်သီးမွေးညင်းတွေထစေသည်။

ဒီနေ သူမ စာသင်ခန်းကို အရောက်နောက်ကြသည်။ သူမ ရောက်တော့ ရှေတွင် ဆရာက စာကိုစသင်နေသည်။ ထိုကြောင့် သူမ အလျှင်မြန်ပင်နောက်ဆုံး လွတ်နေသော ခုံတန်းတွေ ၀င်ထိုင်လိုက်သည်။ နောက် လွယ်အိတ် တွင်းမှ စာအုတ်များကို သူမ ထုတ်ယူလိုက်သည်။ နောက် ဘုတ်ပေါ် တွင် ဆရာ ရေးပြသော နုတ်များ ကိုရေးကူးနေသည်။

ထိုချိန်တွင် သူမ တစုံတခု ခံစားလိုက်ရသည်။ တစုံတယောက် ကသူမ ဆံနွယ် ဆလေးကို လာ ထိနေသော ခံစားမူမျီူး ။ ဒါပေမယ့် သူမနားတွင်ဘယ်သူမှ မရှိ။

ထိုတွေးဖြင် သူမ ဇောခြွေးများပြန်လာသည်။ သူမ သည် ဒါသူ သူ ပဲ။ ဟုတ်တယ် သူမ ကို စိုက်စိုက်ကြည့်နေသာ သူ ။ ဒါတော့ သူမ သေချာသည်။

ထူးဆန်းသည်က သူမ သူ့ကို ငြင်းဆန်လိုက်ဖိုမကြိုးစားမိခဲ့။ ဒါက ဘာအကြောင်းကြောင့်လဲ?

သူမ မသိ။ သေချာတာက သူမ နှလုံးခုန်းသံတွေပိုမြန်နေတယ်ဆိုတာပဲ။

ဒီချိန်တွေ သူမ ခေါင်းထဲတွင် ထူးဆန်း သောအတွေးဝင်လာ တကယ်လို သူ သူ သာ သူမ ရှေ့ တွင်ကိုယ်ထင် ပြလာလျှင် သူမ ဘယ်လိုတုန်ပြန်မည်နည်း။

သေချာတာတခုတော့ ရှိသည် သူမ သူကို မြင်ခြင်နေသည်ဆိုတာပဲ။ ဒီတွေးကြောင့် သူမရင်ဖိုသွားသည်။

 

နီဂုံး

သူဘ၀ တွင် အပျာ်ရွင်ဆုံး တင်္ဂကို ပြောပါဆို ခု သူမဆံပင် လေးကိုနမ်းရှုပ်နေရ သော တင်္ဂပဲ ဖြစ်သည်။ ကြည့်ပါလားသူမ ဆံကေသာလေးက နူးညံ့ နေလိုက် တာ၊ တောက်ပြော နေလိုက်တာ ပြီး မွေး ပျံ့ နေလိုက်တာ။

ကောင်မလေး ရယ် ဒီတင်္ဂ လေး ဟာ ငါရင်ဘက်ထဲမှာ အမြဲတစေ သိမ်းစည်းထားမယ့် တင်္ဂမျီုးပေါ့။

ထိုချိန်တွင် သူခြေနင်း အောက်က ကြမ်းပြင်ကြီး အက်ကွဲလာသလို သူခံစားမိသည်။ နောက် ချောက်နက်ကြီး ဖြစ်သွားသည်။ ပြီး ထိုချောက်နက် ထဲ မှ လက်မဲကြီးများ ထွက်လာပြီး သူ ခြေထောက်ကို ချောက်ထဲသို့ ၀ိုင်းဆွဲခြသည်။ ဒါတွေဟာ သူကို ငရဲပြည်ပို့မယ် ငရဲသားတွေမှန်းသူသိသည်။

သူရုန်း မနေတော့ သူ တဖြည်းဖြည်း နှင့် နက်မှောင် သောချောက်နက်ကြီးထဲသို့ နိမ့် ဆင်းသွားသည်။ ဒါပေမယ့် သူ ကြောက်မနေပါ။ ဘာလိုလဲဆိုတော့ အလွန်ပူလောင်တဲဆီပူ အိုးထဲဝင်နေရရင်တော့ သူမရဲ့ နက်မှောင်တဲ့ ဆံနွယ်လေးကို တွေးပြီး သူရင်ခုန် နိုင်သေးသည်မဟုတ်ပါလား။

ဒါကြောင့် သူ အားရပါးရ ပြူံးနေလိုက်မိသည်။

                                                              ပြီးပါပြီ                        စနေစည်သူ

မှတ်ချက်

အဝေးကြီးမှာ ရှိနေသာ တစုံတယောက်ကို တမ်းတဆွဲလမ်းတတ်သော သူများကို ရည်စူး ရ်ျရေးပါသည်.။



 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Posted on February 8th 2010 in fiction, own tune fiction

ဝိဥဉ် ၁

No Comments »


ဝိဥဉ် တယောက် ဟာ ချစ်တတ်တယ်ဆိုတာ ပြသနာတော့ မဟုတ်လောက်ဘူး။ ဒါပေမယ့်သူချစ် တဲ့ သူကတော့ ၀ဥဉ် တယောက်တော့ မဟုတ်ဘူး။

လူသားကောင်မလေး တယောက် အဒါ ကသာ အဓိက ပြသနာ။။။။။။

ကျနော့် ရဲ ရုပ်ရှင်ဆန်လှတဲ့ ဇတ်လမ်း အစက ဒီလို။ ကျနော်က ၀ိဥဉ် တစ်ကောင် ဒါပေမယ့် သာမာန် သူလို ငါလို နေစရာမရှိ လေလွင့် နေတဲ့ ၀ိဥဉ် တကောင်တော့မဟုတ်ဘူး ။ ကျနော့် မှာ နေစရာ ရှိတယ် ။ ကျနော်နေတဲ့ နေရာကတော့ ကော လိပ်တခု ရဲ့ စာသင်ခန်း ထဲမှာ ။ အဒါက ကျနော်နေ ရာ ၊ ကျနော့် အလုပ်ခန်း ဘာလို့ လဲဆိုတော့ ကျနော်က အဒီစာသင်ခန်း ဆောင့်လေ။ဒါကလည်း အရာ အာလုံး မှားယွန်း စေမယ့် အစပေါ့။

ဟုတ်တယ် ကျနော်က အဒီ စာသင် ခန်းလေးကို အစောင့် ဆိုတော့ ဒီစာသင်ခန်းလေး ကို စာလာသင်တဲ့ ကောင်လေး ကောင်မလေး တွေကိုမြင်မြင် နေရ တာပေါ့။ အထူးသဖြင့် ကျောင်းသူ ကောင်မလေး တွေကို အဓီကထား သူ လေ့ လာကြည့်မိတယ်။

တချို့ တွေ ဟာ ကလေးဆန်ပြီး ချစ်စရာကောင်းတယ်။ တစ်ချို့ ကြပြန်တော့ လည်း ရုပ်ကလေး လှသလောက် မာနကြီးမယ့် ပုံပဲ။ အဲ တစ်ချိုကြပြန်တော့ လည်း ရေတိုင်ကီ စိဘိုင်း ကြီးလို ၀၀ ဖိုင့် ဖိုင့် ကြီး နဲ့ မြင်ရတာ အကျည်းတန်လွန်းလှတယ်။ကျနော့်အမြင် ( ၀ိဥဉ် တကောင် အမြင်ပေါ့ ) လောကမှာ မိန်း မတယောက်ဖြစ်လာပြီ ဆိုရင် တခုခု တော့ ဆွဲ ဆောင်မူ့ ရှိနေရမယ် ။ ဘယ်လောက်တော်တဲ့ မိန်းမ ဖြစ်ပေမယ့် လောကမှာ ဆွဲဆောင်မူရှိတဲ့ မိန်းမလောက် နေရာ မရဘူး။ ဒါကြောင့် လည်း မိန်းမတွေဟာသူတို့ကိုသူတို့ ဆွဲဆောင် မူ မရှိရှိ အောင်မွန်းမံကြတာ လား ။ ဖြစ်နိုင်တယ်။

သို့ပေမယ့် မိန်းမတယောက်ဟာ သူ့အလှကို အသုံးချတတ်လာပြီ ဆိုရင်တော့ တော်တော် ကြောက်စရာ ကောင်းသွားပြီ။  မယုံရင် ကြည့်ကြည့်ပါ သမိုင်းကြောက်စရာ ကောင်းလောက် ဆိုးသွမ်းတဲ့မိန်း မတွေဟာ ရုပ်လှ ပြီး ဆွဲဆောင်မူ ရှိ့သူတွေကြီး ပဲ။

ဟုတ်ခြင်မှလည်း ဟုတ်မှုာပါလေ ဒါတွေဟာ ၀ိဥဉ် တကောင်ရဲ့ တဘက်သတ်အမြင် တွေလည်း ဖြစ်ခြင် ဖြစ်မယ်။ အဒါ တွေထားပါ လေ ကျနော့် ရဲ ဇာတ်လမ်း လေးကိုဆက်ရမယ်ဆိုရင် အသလိုနဲ့ ပေါ့ ဗျာ စာလာသင့် တဲ့ ကျောင်းသူ တွေကို ကြည့် ကြည့် နေတုန်း တနေကျတော့ ကောင်မလေး တယောက် ကို သွား တွေ့တယ် ။အဒီ မှာပဲအရာအာလုံး ဇောက်ထိုး ပြောင်းပြန် ဖြစ် ကုန်တော့တာပဲ။

ကြည့် ကြည့်လေ အဒီ ကောင်မလေး က နုတ်ခမ်းလေး ကနဲနဲ ထော်တယ်။ဒါပေမယ့် သမင် မျက် လုံး လေးတွေရှိတယ် ။ နတ်မှောင်ဖြောင့် ဆင်းတဲ့ ဆံပင် ရှည်ရှည် လေးတွေရှိပေမယ့် နှာတံလေး ဟာ အရင်း နားမှာ နည်းနည်း ပြားတယ်။ ဆန်ကျင့်ဘက် အရာ တွေနဲ ပေါင်း စပ်ထား တဲ့ သူမ ဟာ သူတွက်တော့ အဆန်းတကြယ်ပဲ။

အဒီ ကောင်မလေး ရေ ရဲ့ဆန်းကျယ်မူ မှာ ကျနော်ဆိုတဲ့ ၀ိဥဉ် တကောင် ရုန်းမထွက် နိုင်တော့ဘူး။

အလို နဲ အဒီ ကောင်မလေး ကို သူ ဆွဲလန်း သွားခဲ့တယ်။။။။။။။

အဒီ နေ့က စပြီး သူဆိုတဲ့ ၀ိဥဉ် က သူမ ဆိုတဲ့ လူသား ကို ကြည့်နေမိခဲ့တယ်။ စာသင်ခန်းလေး သူမ ၀င်လာပုံ ။ မျက်လုံးလေး အ၀ိုင်းသား နဲ့ ရှေက စာသင်ပြတာကို နားထောင်နေပုံ ။ အဲတခါတလေ ကျတော့ လည်း စာသင်တာ ကို စိတ်မ၀င်စားပဲ သူမ ငိုက်မြည်း နေလိုက်သေးတယ်။ ပြီး နုတ်ခမ်း ထော်ထော် လေး ကို ကွေးပြီးရယ် နေပုံ နောက် သူမ ရဲ့ ဆံပင် ရှည် လေးတွေ။

ကောင်မလေး ရေ မင်း နဲ ပတ်သက်သမျှ အရာ တွေအားလုံး ဟာ ငါတွက် ရင်ခုန်ခြင်း ကာရံတွေပဲ။ ဒါ ပေမယ့် မင်းကတော့ သိမယ် မထင်ဘူး။ ဘာလို့လည်း ဆိုတော့ ငါက ၀ိဥဉ် တကောင်ကိုး

 

သူက တော့ ဒီလို မချင့်မရဲ ရေရွတ် နေရုံ ပဲ တတ်နိုင်ခဲ့တယ်။

 

ကော်ရီတာကို စောင့် ရသော ၀ိဥဉ် ညီဇော်တယောက် ကော်ရီတာ တလျှောက် လမ်းသလားနေတုန်း ရုတ်တရက် သူ့ ခြေးလှမ်း တွေရပ်သွား မိတယ် အကြောင်းက သူ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်။ ကြည့်လေ မြင်ကွင်း စာသင်ခန်း ကို စောင့် ရတဲ့ ၀ိဥာဉ် စည်သူ စာသင်ခန်းရဲ နံရံကို မှီပြီး အပေါ် က မျက်နှာကြက်ကို တွေတွေကြီး မော့် ကြည့်နေလို့ပေါ့။ သူသိလိုက်ပြီ ဒီကောင်တခုခုတော့ လွဲနေပြီလို့။

ဟေ့ကောင်ဘာဖြစ်နေတာလဲ ။မင်းကြည့်ရတာ တစ်မျီုးပဲ ။

 သူ့အသံကြောင့် စည်သူ မျက်နှာကြက် ကို မောကြည့်နေရမှ တဖြည်းဖြည်းခြင်း သူဘက်ကို မျက်လုံးဆွေကြည့် ပြီး နုတ်ကလည်း တစ်လုံးခြင်း………….

ချစ်မိနေတာ

စည်သူ အဖြေစကားကို သူနားမလည် ဘာကိုဆိုလိုခြင်မှန်းလည်း သူမသိ။ ဒါကြောင့် သူကပဲဆက်ရ်ျ

ချီးပါ ကွာ ဘာချစ်မိနေတာလဲ ရှင်းအောင် ပြောပါကွ.။ ငါက နည်းနည်းဝေးလို့ပါ

မင်း ဒါကိုတောင် နားမလည်ဘူးလား ချစ်နေတာ တစ်စုံတစ်ယောက်ကို ဒါပေမယ့် အဒီ တစ်စုံတယောက် ကငါတိုလို ၀ိဥာဉ် တော့မဟုတ်ဘူး

စည်သူ့ အသံက ရှင်းပြရလို့ သိပ်စိတ်မရှည်တဲ့ ပုံ။ ဒါပေမယ့် သူက

ဒါဆိုဘာလဲကွ

လူ ကွ လူ ။သေချာ ပြောရရင် လူသားကောင်မလေးတယောက်ကွာ ဒီထက်ပိုပြီး ရှင်း ပြ ရရင် တော့ ငါစောင့်နေတဲ့ အခန်း မှာ စာလာသင်တဲ့ ကျောင်း သူ ကဲ ရှင်းပလား

သူအသြံ လွန်းလို ဘာဆက်ပြောရမှန်း မသိ အတန်ကြာမှ

ဟာကွာ မင်းတော်တော် ကြောင်တဲ့ကောင်ပဲ မင်းအလို လူသားတယောက်ကို သွားကြိုက်တော့မင်း ဘာကောင်းကြိုး ရမှာလဲ။ ဘာလိုလဲ ဆိုတော့ မင်းတသက်လုံး သူမကို ပိုင်ဆိုင် နိုင်မယ့် လမ်းကို မရှိဘူး

သူစကားကြောင့် နှစ်ခြိုက်ခြီုက် အိတ်ပျော်နေသူ ကို ရုတ်တရက် လန့်နှိုးလိုက်သလို အလန်တကြား ဖြစ်သွားပြီး စကားစ သည်

ဟေ့ကောင် ညီဇော် အချစ်ကို မင်းကလူလောက မှာ ရှိတဲ့ I phone တို့ Ferrari ပြိုင်ကားတို့ ဒါမမဟုတ်ရင် အိမ်မွေး အမွေးပွ ခွေးတကောင်များ မှတ်နေလား။ တစုံတစ်ယောက် ကိုချစ်တာ ပိုင်ဆိုင်ဖို့ မဟုတ်ဘူး လုံးဝမဟုတ်ဘူး။

စည်သူ အသံမှာ ကျယ်လောင်လွန်းလှသည်။

မင်းငါ့ကို ဘာမှလာမညှပ်ချနေနဲ့ လောကမှာ အချစ်ဆိုတာ ပိုင်ဆိုင်စရာ မဟုတ်ရင် လင်မယားဆိုတာ ပေါ် လာစရာ အကြောင်းကို မရှိဘူးကွာ  

စည်သူ ရာမင်း ငါ့ကို သူငယ်နှပ်စားများ မှတ်နေလား သူတွေးမိသည်။ နောက်ပြုံး မိသည်။ စည်သူက တော့ အလျှော့မပေး ဆက်ပြီး

ဒီမှာ တစ်စုံတစ်ယောက် ကိုပိုင်ဆိုင် ခြင်တယ်ဆိုတာ အချစ် မဟုတ်ဘူး ဒါ ကိုယ်အတ္တကိုယ် ဖြည့်ဆည်းပေးတာပဲ။ သက်ရှိရယ် လိုဖြစ်လာရင် လောကမှာ ရှိတဲ့ သူတိုင်းဟာ တစ်လောကလုံးက အရေးပေးတာ ဂရုစိုက်တာ ချီးမွမ်းတာခံခြင်ကြသူတွေကြီးပဲ။ ဒါပေမယ့် သိပ်မကြာပါဘူး အဒီ သက်ရှိက သဘောပေါက် သွားရော တကယ်တော့ လောကကြီး ဟာသူ့ကိုဗဟိုပြုပြီး ဖြစ်နေတာ မဟုတ်ဘူး သူလည်း လောကကြီးထဲ မှာ ရှိတဲ့ သက်ရှိတယောက်ပဲ ဘာမှပိုမသာဘူးဆိုတာ။ အဒီ လိုသဘော ပေါက်သွားတဲ့ သက်ရှိဟာ သူကို အရေးပေးမယ့် ဂရုစိုက်မယ့် ချီးမွမ်းမယ့် ဆန္ဒဖြည့် ဆေးပေးမယ့် တခြားတစုံတယောက်ကို ရှာပြီး အတူတကွ ပေါင်းသင်းလိုက်ကြရော။ အမှန်က ဒါဟာ ကိုယ့်အတ္တကို ကိုယ် အားပေး ခြင်းပါပဲ

စည်သူ စကားလုံးတွေ အများကြီးကို တောက်လျှောက် ပြောသည်။ မြန်လည်းမြန်သည် ခုနက လေးတိလေးကန် ပုံစံ နှင့်တော့ ဘာမှမဆိုင်တော့ သူ သတိထားမိလိုက်သည်။ဒါပေမယ့် သူ ဒီကောင့် ရဲ အမြင်ကို လုံးဝ လုံးဝကို သဘောမတွေ့။ ဒါကြောင့် ဆက်ပြီး

ဒါဆို အချစ်ကဘာလဲကွာ။ ငါကတော့ မင်း ဦးနှော ပျက်နေပြီလိုထင်တော့ တာပဲ

စည်သူက တော့ နှတ်ခမ်းလေး တွန့်ပြီး မထိတရိ ပြုံးနေသည်။ နောက်မှ

အချစ်ဆိုတာ ဘာမှမဟုတ်ဘူး အချစ်ပဲ။ ဘာအနက် မှဖွင့်နေဖို့ မလိုဘူး ပိုင်ဆိုင်ဖို့ မလိုသလို ပေးစပ်ဖို့လည်း မလိုဘူး ။ရိုးရိုးလေး ပဲ အဒီတစ်စုံတစ်ယောက်ကို ဆွဲလန်းနေဖို့လိုတယ်။ အဲ မင်းက အချစ်ကို တန်ဖိုး သတ်မှတ်ခြင် ရင်တော့ အချစ်ဟာ ဆွဲလန်မူပေါ့ ဒါ နီးစပ်တယ်

သူဘာမှပြန် မပြောနိုင်တော့ စည်သူမျက်နှာ ကိုပဲ ငေးကြည့်နေမိတော့သည်။ အော် စည်သူ အရာရာကို ပေါ့ပေါ့ ပျက်ပျက် သဘေားထားတဲ့ ကောင်၊ ဂျစ်တီးဂျစ် ကန် ဟန် ရှိတဲ့ကောင်၊ စိတ်ထင်ရာ တွေကို မစဉ်းစား ပဲ ဇွတ်လုပ်တဲ့ ကောင် က ခုကြတော့ လေးနက် နေလိုက်တာ၊ တည်ကြည်နေလိုက်တာ၊ မျော်မြင်တတ် နေလိုက်တာ ဟေ့ကောင်ရေ မင်းကို ငါ ဘယ်လိုနားလည်ရ မှာတုန်း စိတ်ထဲ မှာ သူတွေးနေမိသည်။ နုတ်ကတော့

ထားပါတော့ ထာပါးတော့ မင်းလိုကန့်လန့် ကောင်နဲ့တော့ အချိန်ကုန်ခံမညင်းတော့ဘူး.။ နို့နေပါအုန်း မင်းချစ်အဲ ဆွဲလန်းပါတယ်ဆိုတဲ့ ဆောင်က နာမည်ဘယ်လိုခေါ်လဲ;

စည်သူက သူရဲ့ မျက်လုံးနက်နက်ကြီးတွေ နှင့် သူကို တည့်တည့်စိုက်ကြည့် ပြီး .။ နုတ်ကနေ တလုံးခြင်း

အဒီ ကောင်မလေးကို Debora လို့ခေါ်တယ် ။

ဆက် ရန်                                                                                      စနေ စည်သူ

 

 

 

 

 

 



Posted on January 7th 2010 in fiction, own tune fiction

အယူခ

2 Comments »

pretty_in_scarlet_by_frozenstarro.jpg


ဘာရယ်မဟုတ်ဘူး ရေးကြည့်တာပါ ပျင်းလို့

အယူခံ                                                         

အထီးကျန် အခန်းကျဉ်းလေးဝယ်

မဖိတ်ခေါ် သူ၏ ဥပြစ်ခါ မျက်လုံးစိမ်းတွေနှင့်

ငါ လေ………………..ငါ

စိတ်လေတယ်

 

ဂုဏ်ကြီးရှင် ရယ်

ဘာကြော်င့်များလည်းလေ

ကျနော့်တောင်ကုန်းကိုမှလာပြီး

ခင်ဗျာ ရဲ့ အမုန်းမိုးတွေ

လာဆွေနေရတာလဲ

 

တောင်းဆိုခွင့်ရှိမယ်ဆိုရင်ပေါ့လေ

စိမ်းရက်နိုင်သူကြီးရေ

ကျေးဇူပြုရ်ျ ခင်ဗျာရဲ

အစိမ်းကန့်လန့်ကာကြီးဖွင့်ရ်ျ

တခြက်လောက်ဖွင့်ကြည့်ပါ

အဒါဆိုရင်

ကျနော်က ယုန်ဖြူဖြူလေးပါ

 

ခက်တော့လည်းခက်သား

လူဆီဖာလို မျီုး နတ်ဆိုးတကောင်တွက်တော့

ဗီနပ်လို နတ်သမီး တပါးဟာ

မနိုင်းအပ်စရာ မျီုးပေါ့

 

ကောင်မလေးရေ ရယ်

လူဆိုးလည်း အသဲနဲ့ပဲ

ရက်စက်ပါတယ်လိုပြောတဲ့

ဟစ်တလာလို လူဆိုးကြီးတောင်

ချစ်တတ် ခဲ့တယ်ဆို တော့

ကျနော် လိုကောင် ကကော

အခွင့်ရေးမ ရနိုင်တော့ဘူးလား

 

ငါရဲ့ ဗီးနပ်ရေ

သေဒဏ် ကျခံမယ့်

တရားခံတောင် နောက်ဆုံးချိန်ထိ

အယူခံ ပိုင်ခွင့် ရှိတယ် ဆိုတော့

ကျနော် ရဲ့ ဟောဒီ ဖြူစင်ရိုးသားတဲ့

နှလုံးသားနုနု ကိုတော့ တကြိမ်လောက်

ထပ် ထုပ်ပြခွင့်ပေးပေါ့

 

ဟောဒီ နှလုံးသားကြီးထဲ က

မဆဲ့မပြဲ သိမ်းထားတဲ့

ခင်ဗျာကို ချစ်တဲ့ အချစ်တွေကို

ထုတ်ပြတော့မယ်

ကျေးဇုပြုပြီး

တိတ်တိတ်လေး နားထောင်ပေးပါ

                                       စနေ စည်သူ

 

 

 

 

 

 

 

 

Posted on November 25th 2009 in poems

ဒေါက်တာ ဇာနည် သို့

2 Comments »

ကျနော် တလောက ဧရာဝတီ သတင်းစာ ပါတဲ့ ဒေါက် တာဇာနည် ရဲ့  ဗမာတွေရဲ့ ကိုယ်တွင်းညစ်ကြေးများ ဆောင်းပါး ကိုဖတ် ပြီး ဘယ်လိုမှ သဘော မတွေ နိုင်တာ ကြောင့် ကျနော် အမြင်လေးတွေကို တင်ပြကြည့်တာပါ။

 

ကိုဇာနည် ရေ ခင်ဗျား ရေးလိုက် မှ ပဲ ကျနော်တို့ဗမာတွေလည်း ရစရာ မရှိတော့ဘူး။ ကျနော် သဘော မကျဆုံးအချက် က ခင်ဗျား ရဲ့  ဗမာ သမိုင်း နဲ ဗမာ ဘုရင်တွေကို ချီုးချီုး နှိမ်နှိမ် ရေးထားတဲ့ အချက်ပဲ။ အမှန်တော့ ဒါဟာ မလုပ်သင့်ဘူး။ ကိုယ့်သမိုင်းကို အတိလင်းရှုပ်ချနေတာဟာ ကိုယ့် အမျိုးကို ကိုယ်ပြန်ပြီး နှိမ်နေသလိုပဲ။ ခင်ဗျာ ကအလိုရေးလိုက်တော့ တခြားတိုင်းပြည်က သမိုင်းဆရာတွေက ကျနော်တိုကိုပို နှိမ်ပြီး ရေးတော့မှာပေါ့ ( အထူးသဖြင့် ယိုဒယားလို တိုင်းပြည်မျီုးကပေါ့)။ သေချာတာက ဘယ် နိုင်ငံက ဘယ်ပညာရှင်က မဆို ဒီလိုတော့ ရေးမယ်မထင်ဘူး။ သေချာတာက ဂျာမနီ ဟစ်တလာ မကောင်းကြောင်း ရေးတာ ဂျာမနီ လူမျီုးတွေ တော့ မဟုတ်ဘူး။

 

ပြီး နောက်တချက် က ခင်ဗျားသမိုင်း ကို ရှုမြင် ချည်းကပ်ပုံကလည်း မမှန်ဘူး ။ ခုခင်ဗျားလုပ်ပုံက ခင်ဗျား ကပစ္စုပန် မှာ နေပြီး အတိတ်ကို လှန်းမျော်ကြည့်ပြီး ပြောတော့ အတိတ်က အမှားတွေ တွေ့မှာပေါ့။ ဟုတ်တယ်လေ သီပေါ မင်းဘုရင်ခန့်တာ မှားတယ် ၊ ဂျာမနီ မှာ ဟစ်တလာကို အာဏားပေးလိုက်တာ မှားတယ် ၊ ဒုတိယ ကမ္ဘာစစ် ဖြစ်တာ မှားတာပေါ့။ သိုသော် အဒီချိန်တုန်းက ဒါတွေဟာ မှားမယ်မှန်းဘယ်သူက သိမှာလည်း။ ဒါကြောင့်ခင်ဗျား အတိတ်သမိုင်း ကို ဝေဖန်ခြင်း ရင် ခင်ဗျားကိုယတိုင် အတိတ်မှာ နေပြီး အဒီခေတ်က လူနေမူပုံစံ ၊ တွေးတော ယုံကြည်မူ ၊ ယဉ်ကျေးမူတွေကိုထဲထဲ ၀င်ဝင် ကြည့်မယ်ဆိုရင် ဗမာဘုရင်တွေကို နားလည်လာမှာပါ။ ချီးတောင်ချီးကျုးအုန်းမယ် ဒီလောက် ကွဲပြား ချက်များတဲ့ တိုင်းရင်းသားတွေကို စုစည်းပြီး အင်းအားတောင့်တင်းတဲ့ တိုင်းပြည်ဖြစ်အောင်လုပ်နိုင်တာပဲ ။ ဒါဆိုရင် အီဂျစ် က ပိရီမစ် တွေတည်ဆောက်တာ၊ တရုတ်မဟာ တံတိုင်း ၊ အန္ဒီယ မှာ တပ်မဟာ ဘာလိုဆောက်တလည်း ကိုနားလည်လာမှာပါ။

 

နောက် ခင်ဗျား ပြောသလိုကျနော်တို့ တွေက ဗမာလူမျီုး ကြီးဝါဒ မှာ မိုင်းမိနေတယ်ဆို တော့ မေးခွန်းက တကယ်ကော ဗမာ လူမျီုး ကြီးဝါဒ ကော ရှိလိုလား ? ဒါဆိုရင်တော့ ခင်းဗျာ ကိုယ်လူမျီုးရဲ စရိုက်လက်ခံဏာကို မသိလိုပြောတာလိုပဲ ကျနော်က မှတ်လိုက်တော့မယ်။ တကယ်တော့ ကျနော်တို ဗမာတွေဟာ ရုတ်တရက် တော့ သွေးဆူ မြန်ပေမယ့် ကြာတော့လည်း မေ့ပျောက်သွား တာပဲ စိတ်ထဲသိပ်ထားတဲ့ လူတွေမဟုတ်ဘူး။ ဥပမာ ဆိုရသော် ဂျပန်ဟာဖက်ဆစ် စနစ်နဲပ ကျနော်တိုပြည်သူ ပြည်သားတွေကို နှိတ်စက်ခဲ့ပေမယ့် စစ်ကြီးပြီး ရော ကျနော်တို့က ဂျပန် နဲ့ပြန် ပြီးမိတ်ဆွေလုပ်နိုင်ခဲ့တယ်( တရုပ်တွေဆို ခို ငြိုးထားတုန်း)၊ ပြီး ဗုဒ္ဒ ရဲ့ အဆုံးမတွေ ခံယူတဲ့ လူမျီုးဖြစ်တာကြောင့် တဖက်သားကို ကြင်နာ တတ် သနားတတ်တယ် စာနာတတ်သူခြည်းပဲ။ ကြည့်ပါလား ကုလား တရုပ်တွေ ကျနော်တို့ မြေပေါ် မှာ လာပြီး ကျနော်တိုကို ခေါင်းပုံဖြတ်ပြီး ကြီးပွားနေကြတာတောင် မမုန်းနိုင်ကြပဲ အော်သူတို့ က လုပ်တတ်ကိုင်တတ် လိုက်တာ ဆိုပြီးချီးကျုးနေကြသေးတာ။ အလို စိတ်ဓာတ် ရှိတဲ့ ကျနော် တို့ဗမာတွေဟာ ဘာတွက် တမြေတည်းနေတဲ့ တိုင်းရင်းသားတွေကို ဗမာလူမျီုးကြီး ၀ါဒ ထားပြီးအနိုင်ကျင့် နှိတ်ကွပ်မှာလည်း။

 

သူများတွေတော့ မသိဘူး ကျနော် ငယ်ငယ်ထဲက ရှမ်းသူငယ်ခြင်းလည်း ရှိတယ် ကရင်သူငယ်ခြင်းလည်း ရှိတယ် မွန်သူငယ်ခြင်းလည်း ရှိတယ် ဗမာ သူငယ်ခြင်းလည်းရှိတယ်။ ဒါပေမယ့် အားလုံးဟာ ကျနော်သူငယ်ခြင်းတွေပဲ အတူတူပဲ ဒီကောင်က ကရင်မို့ မွန်မိုံ ဆိုပြီး လျှောက်တွေးနေမယ်ဆိုရင်တော့ ဟုတ်တာပေါ့။ မတွေးပါဘူး ခင်ပါတယ်။ ပြီးကျနော်က ငယ်ငယ်ထဲက မွန်ပြည်နယ် လည်း ရောက်ဖူးတယ် ရှမ်းပြည်နည် လည်းရောက်ဖူးတယ် မွန်ရေကြဲမုန်ဟင်းခါးကိုကြိုက်သလို ရှမ်းခေါက်ဆွဲ နဲ့ ရခိုင်မုန့်တီက ကျနော့် အသဲဆွဲပဲ။ သေချာတာက တိုင်းရင်းသားတွေဟာ ဗမာတွေ မရှိပဲ မတောင့်တင်းနိုင်သလို ၊ ဗမာတွေဟာ တိုင်းရင်းသားတွေမရှိပဲ ရပ်တည်ဖိုခက်ခဲမှာပဲ။

 

ဒါကြောင့် ကိုဇာနည်ရေခင်းဗျာ အမြင်ကိုတော့ ကျနော်က လက်မခံနိုင်းဘူးလို ပြောပြ ပရစေ။ ခုခင်းဗျား ဆောင်းပါးကြီး ကကွန်မြူနစ် သဘောတရားကြီးလို သူဘာသာသူရှိနေတဲ့ လူတွေကို အရင်း ရှင် အရင်းမဲ့ခွဲပြီး လူလူခြင်းခြင်း ပဏီပက္ခ ဖြစ်အောင်လုပ်သလိုမျီုးကျနော်တို့ ဘာသာ ကျနော်တို့ နားလည်မူမျှနေတဲ့တိုင်းရင်းသား ခြင်းကို ဗမာမို့ ကရင်မို့ ရှမ်းမိုံ လျှေက်ခွဲ ခြမ်း တော့ ကျနော်တို့သွေးကွဲကုန်မှာ ပေါ့။ ခင်းဗျား လည်း ဂန္ဒီ ကြီးလိုပါလား။ ဂန္ဒီ ကြီးနဲ့ ခင်ဗျားကို နိုင်းလို့ ဘ၀င်မမြင့်သွားနဲအုန်း။ ပြောခြင်တာက အဲဒီ ဂန္ဒီကြီး ဆိုတဲ့ဘဲကြီးလည်း အန္ဒိယ သွေးသားချင်းကို ဇာတ်နိမ့် ဇာတ်မြင့်ခွဲလို့ အုတ်စုတွေကွဲပြီး ပြသနာ တတ်ကုန်ရော မဟုတ်လား အလိုတူတာပြောတာ။

 

အော် ကြုံတုန်း ပြောလိုက်အုန်းမယ် ကျနော်ကိုယ်တိုင်က ဗမာစစ် စစ်ကြီးတော့ မဟုတ်ဘူးခင်ဗျ အမေက မွန်လူမျိုးဆိုတော့ မွန်းသွေးတ၀က် ပါတယ်ဗျ ( အလောင်းစည်သူလို ပေါ့ မွန်- ဗမာ သွေးပါတာ ပြောတာနော်)။ ပြီး ကျနော် က ရှမ်းမလေး တွေကို ရိုးသားပြီးပွင့်လင်းတယ်ထင်လို မိန်းမယူရင် အလို ရှမ်းမလေးတွေ ယူမလား လို ။ ကဲဒါဆို ခင်ဗျား ဘာပြောမလဲ။

( စနေ စည်သူ )

 

Posted on November 15th 2009 in politics

ဧပရယ် ၆

3 Comments »


အခန်း ၆

သတင်းကြွတ် ခဲ့ပြီ။ ကျောင်း မျောင်း ရှိ လမ်းတိုင်းလိုလို တွင် လူများဖြင့် ကြိတ်ကြိတ် တိုး စည်ကားနေသည်။ ဘယ်က ဘယ်လို ပေါ် လာမှန်း မသိ သော ပွဲ ဈေးတန်း က လမ်းတလျှောက်မှာ အစီ အရီ။ ကောင်းကင် သိုမောင့် ကြည့်လိုက်လျှင် ၀ိုင်းဝိုင်း စက်စက် လမင်း ကြီး နှင့် အတူ မီးပုံပျံများ ၊ မီးရူးမီးပန်း များကြောင့် ကောင်ကင်ကြီး က တမျီူးကြည့် ကောင်းနေသည်။ ထိုလမင်း ကြီး နှင့် တူ ဦးကိုကိုကြီလည်း ပြူံးပျော် နေသည်။ ဟုတ်သည် သူ အခု ဧပရယ်လက်ကို တွဲလျှက် ကျားကွက်သစ် လမ်းမကြီးတလျှောက် သီးတင်းကြွတ် အလှကို လျှောက်ကြည့် နေသောကြောင့်ဖြစ်သည်။

သူ ရင်တခု လုံးခု လောက်ပေါ့ ပါးသွား တာ မရှိခဲ့တော့။ ဟို နေ့လယ်က ရင့်ဖွင့် ပွဲ ပြီး သွားပြီးနောက်တွင် ဧပရယ် နှင့် သူ နားလည် မူရခဲ့သည်။ ခုတော့ သူ သံသယတွေ အားလုံးကင်း ရှင်း သွားခဲ့ပြီ။ ဒါထက်ထူး ခြား တာကတော့ သူတွင် ဖြစ်ပေါ် နေသော ခေါင်းကိုက်ရောဂါပင် အတော်တန် သက်သာ လာခဲ့သည်။ သူထိုသို့အတွေးကောင်း ကြည်နူးကောင်းနေ ချိန် မှာပင်…..

အကို လမ်းလျှောက် ရတာ မညောင်း ဘူးလား ဟိုရှေက ဘူးသီးကြော် ဆိုင်မှာ ဘူးသီး ကြော် ၀င်စားကြမလား

ဧပရယ် အသံကြောင့် သူ အတွေးဖြတ်လိုက်ပြီး

ကောင်း သားပဲလေ ထိုင်ကြတာပေါ့

နောက် သူတို့ ကျားကွက် သစ် လမ်းထောင့်ရှိ အကြော် ဆိုင်ကို ၀င်ထိုင်လိုက်ပြီး ဘူးသီးကြော် တပွဲ မှာလိုက်သည်။ သူ ကတော့ ဘူးသီးကြော် မလာခင် ရွေးနွေး ကြမ်း တခွက်ကိုငဲ့ ပြီး မူတ်သောက်နေသည်။

အကို ရေ ဒီနှစ် သတင်းကြွတ်က လူတွေ သိပ်စီတာ ပဲနော်

သူကလည်း

ငါ ငယ့်ငယ့်တုန်း ကကို မမီပါဘူးကွာ အဒီတုန်း က ကျောက်မြောင်း သီတင်းကြွက် ကဒီထက်တောင် စီသေး တာ ပြီးတော့ ပြဇာတ် တို အငြိမ် တို့တောင် ပါသေးတယ်

အဒီ ချိန်မှာပဲ အကြော်လာချရ်ျ သူ ဘူသီကြော် တခြောင်းကိုယူ အချဉ် ရည်ထဲ ထိုးနှစ်ပြီး ပါ စပ်ထဲ သွင်းလိုက်သည်။ ပြီး ရွေနွေးကြမ်း ကို မော့လိုက်သည်။ နောက် စကားစလိုက်သည်။

ဒါနဲငါ စဉ်းစားကြည့်တယ် ငါတို အိမ်အောက်မှာ နေတဲ့ ဟေမာ မောင်ကလေး ဒီချိန်မှာ ဘာလုပ်နေ မလဲလို အပြင်လည်း ထွက်လည် လို့မရလို သနားပါတယ်ကွာ

ရှင် က ဘာလိုရုပ်တရက် ကြီး သူ့အကြောင်းကို မဆီမဆိုင် ပြေလာတာလည်း ဧကဏ ခုထိ ကျမနဲ့ သံသယ ၀င်နေတုန်း ပဲလား

မဟုတ်ပါ ဘူးကွာ ဒီလိုပဲ တွေးမိ တာပါ ။ မင်းမပြောစေခြင်ဘူး ဆိုရင်လည်း မပြောတော့ပါဘူးကွာနော်

သူတိုနှစ်ယောက် စကားပြောတာကို ရပ်ပြီး ဘူးသီးကြော်ကို အရသာခံနေကြသည်။ ခဏကြာသော် ဘူသီးကြော် တပန်ကန်လုံးလည်း ပြောင်သွားသည်။ အဒီတော့မှ ဧပရယ်က အားတက်သရော အသံဖြင့်……….

အကို မနက်ဖြန် ကျမက ရုးတက်ပြီး ရင် ကျမက ဆေးခန်းက ပိတ်ရက် ၇ ရက်လောက် ရတယ် အဒါ ကျမ တို့တောင် ကြီး က ကျမ မိဘတွေဆီကို သွားလည်ရင် မကောင်းဘူးလား

သူက

မင်းသွားချင်တယ်ဆိုရင် သွားမယ်

ရပါ တယ် အကို သွားဖို စိတ်သိပ်မပါဘူးဆိုရင် လည်း မသွားတော့ပါဘူး

သူမက နုတ်ခမ်းလေးဆူသွားသည်။ ( ဧပရယ် ပင်ကိုယ် စတိုင်)

စိတ်ပါ ပါတယ် သွားကြမယ်လေ‘ ( မင်း အမဲ့ဟာ ငါတွက် ကမ္ဘာပျက်သလိုပါပဲကွာ )

အလိုသူ ကဆိုလိုက်တော့ သူမ ကမျက်မှောင် လေး ကြုတ်ပြီး မယုံသကာင်္သလို

တကယ် ပဲ သွားခြင်တာလား

အင်း

သူမက ပါးချိုင့် လေးတွေပေါ်အောင် ပြုံးလိုက်သည်။ ( ပျော်ပါတော့ ဧပရယ် ရေ)

မနက်ဖြန် တရက် ရုံးတက်ပြီး ရင် သဘက် ခါ သွားကြတာပေါ့

အဒီနောက်သူတို အိမ်ကို ပြန်လာ ကြတော့ သတည်း။

သူ ဧပရယ်နှက်ထားသော သင်းပျံ့ သော ကော်ဖီရနံ့ နှင့် အတူ နိုးထလာသည်။ ပြီး မျက်နှာသစ် သွားတိုက်ရန် ရေချိုးခန်းသို သွား ထမင်းစားခန်း တွင်း ပေါင်မုန့်ကို ထောပတ် သုတ် နေသော ဧပရယ်က သူကိုလှမ်း ရ်ျ

“ good morning’

သူကလည်း

‘ u too’

နောက် သူ ရေချိုးခန်း တွင်းသို့လှမ်း ၀င်သွားသည်။ နောက် မျက်နှာသစ် သွားတိုက်ပြီး မနက်စာ ပြင်ထားသော ထမင်းစား စားဖွဲ ခုံသို့ ၀င်ထိုင်လိုက်သည်။

ဧပရယ် ကသူကို ကော်ဖီတခွက် ငဲ့ပေး လိုက်သည်။ သူ သတိထားမိသည် သူမ ဒီ နေ့ သိပ်တတ်ကြွလွန်း နေသည်။

ကျမ ဒီ နေ့ ရုံးစော စော ဆင်းမယ် ပြီး တောင်ကြီး သွားမယ့် ကားလက်မှတ်ဝယ်မယ် သိလား

သူက တော့ ပန်ကန်ထဲ ရှိ ပေါင်မုန့်ထောပတ်သုတ် တချက်ကို ကောက်ဝါးနေသည်။

အင်း မနက် ဖြန်ဆိုရင် ကျမ တို မွန်း ကျပ်တဲ့ ဒီ ရန်ကုန် မြိုကဝေး ပြီး အေးချမ်း ရှိတဲ့ တောင်ကြီး ကို သွားရမှာ ကျမက တော့ ပျော်လိုက် တာ ရှင် ကော ဘယ်လိုလဲ။ အင်း အမေ တို အဖေတို့ သိရင် သိပ်ဝမ်းသာမှာ ပဲ ။ ပြီး ကျမသိပ် ကြိုက်တဲ့ ရေစိမ် ခေါက်ဆွဲ လည်း တ၀ကြီး အမေက လုပ် ကြွေးမှာ သေချာတယ်

သူက တော့ သူမ ကိုပြုံးလျှက် ကြည့်နေလိုက်သည်။

ဟော စကားကောင်းနေတာ နဲ့ ကျမ အလုပ်နောက်ကျတော့ မယ် ။ သွားပြီး နော်ဘိုင် ထိုသိုဆိုကာ သူမ ကပျာ ကယာ ထွက်သွား သည်။

သူက တော့ ပေါင်မုန့်ထောပတ် သုတ်လေး ၀ါးပြီး သူမ ထွက်သွားသည် ကို မျက်စိ တဆုံးကြည့်နေလိုက်သည်။ နောက် သူ ပေါင်မုန့်ထော ပတ်သုတ် တခြက် ထပ်ယူ ရန် ပန်ကန်း သိုလှမ်းလိုက် စဉ် မြင်ကွင်းတခု ကြောင့် သူမျက်မောင့် ကြုတ် သွားသည်။ စာကြည့်မျက် မှန် တလက် ထမင်း စား စားပွဲပေါ် တွင် သူသိသည် ဒါ ဧပရယ့် စာကြည့် မျက်မှန် သူမ အလော တကြီး ထွက်သွား သော ကြောင့် ကျန် ရစ် ခဲ့တာ ဖြစ်မယ်။ သူမ သည် အနီးမုန်သူ ဖြစ်သော ကြောင့် မျက်မှန် မပါပဲ လုံး ၀ဆေး ကုလို့ မဖြစ်နိုင်။ သူ အချိန် မဆိုင်း တော့ပဲ ဒီ စာကြည့် မျက်မှန်ကို ကပြာကရာ ကောက်ယူ ပြီး အောက်သို ပြေးဆင်းသွားသည်။ သူမကို မှီလို မှီညား အတွေးနှင့် ပေါ့။

အလို နှင့်သူ ပြေးဆင်းလာ ရာ

စတုတ္တ ထပ်……….

တတိယထပ်……….

ဒုတိယထပ်………….

ဒုတိယ ထပ်သို ရောက်သော ခါ သူ့ခြေလှမ်း တွေ ရပ်တန့်သွားသည်။ အကြောင်းကား ပိုလီယို ကောင်လေး အခန်းတံခါး ပွင့် နေသော ကြောင့် ဖြစ်သည်။ ဧကံဏ ဧပရယ် ဒီ ကောင်လေး ဆီခဏ ၀င်နေတာ ဖြစ်မယ် သူ တွေးမိပြီး သူမ မျက်မှန် ပေးရန် အခန်း တံခါး ကို ဆွဲလိုက် ရာ……သူ အခန်း တွင်းမှ ရယ်သံသဲ့သဲ့ ထွက်လာသည်။

သူကလည်း သိပ်ကဲတာပဲကွာနော်။ သူများ အလုပ်သွားရအုန်းမယ်လေ ဟွန်.း၊

သူ ဒီ အသံကို သူသိသည် ဒါသူဘ၀တွင် အကြားခြင် ဆုံး သော တယောက်သူ ၏ အသံ ဧပရယ့် အသံဖြစ်သည်။ သူ ဟနေသောတံခါး ကြားလေးမှ အသံလာရာသို ခြောင်းကြည့်လိုက်သည်။ သူ မြင်လို ရသော မြင်ကွင်းကြောင့်

ပထမ…………………ကြက်သေသေသွား

ပြီး…………………….အံ့အားသင့်သွား

နောက်………………တုန်လူပ်သွား ပြီး သူလက်ထဲမှာ ကိုင်ထားသော ဧပရယ့် မျက်မှန် လေး လွတ်ကြွသွားသည်။

ချလွမ်း

မြင်လိုက် ရသော မြင်ကွင်း က ဧပရယ် သူ၏ ဧပရယ်က ဆံပင် ရှည်ရှည် ကောင်လေး တယောက်၏ ရင်ခွင်ထဲတွင် ( သေချာ တာကတော့ အဒီကောင် လေး က ပိုလီယို ဒုက္ခိတ္တ မဟုတ် တာပင်) ပြီး သူမ ပြူံးရယ် နေသည် ( ဒီ လို အပြုံးမျီုး မတွေ့ ရသည်မှာ နှစ် တော်တန်ကြာ ညောင်းနေပြီ)

သူ ထိုကဲ့သို ငေး ကြောင် ကြည့်နေတုန်း မျက်မှန် ကြကွဲသံကြောင့် အသံလာရာ တခါးပေါက်ဆီသို သူမ လှမ်းအကြည့် သူ နှင့် မျက်လုံးခြင် ဆုံသွား…………..သူ ..သူ ဘာကြောင့်မှန်းမသိ တော့ ရုပ်တရက် လှေကားထစ်တိုင်း တိုက်ပြင် သို့ ပြေးထွက်လိုက်သည်။

နောက် ခြေဦးတည့် ရာ သို့ သူလျှောက်နေမိသည် ဘယ်တွေရောက်လို ရောက်နေမှန်း သူမသိတော့ ။ ပြီး သူ အာခေါင်တွေခြောက် ပြီး အသက်ရှုရ ကျပ်လာသည်။ ပြီး နုတ်မှ တစုံတခု ကို ထပ်ခါ ထပ်ခါ ရေ ရွတ် နေမိသည်

ဒ မဖြစ်နိုင်ဘူး

ဒါ တကယ့် ကို မဖြစ်နိုင်ဘူး

ဒါ လုံးဝ ကို မဖြစ်နိုင်ဘူး ကွာ…………………

ပြီး သူနား ထဲတွင် သီးချင်း သံလိုလို ဘာလို လို ကြားနေရသည်။ ဖြစ်နိုင်တာ ကလမ်း ဘေးက လက်ဖက်ရည် ဆိုင်က လာ သည် ထင်

အချစ် ရယ် နင်ရက် စက်တယ်” ( ဟုတ်တယ် သူမ ရက်စက်တယ်) ။ ပြီး သူ ဆက်လျှောက်နေလိုက်တာ သီးချင်း သံနှင့် ဝေးသွား သည်။

နောက် သူမျက်လုံးတွေ တဖြည်း ဖြည်း ဝေ ၀ါး လာသည် မကြာလိုက်ပါ ပက်ဝန်းကျင်တခု လုံး မည်း မှောင် သွား သည် ။ သိုပေမယ့် မလှမ်း မကမ်းတွင် အလင်း ရောင်တဖျက်ဖျက် တောက်နေ သည်ကို တွေ့ နေရသည်။ သူ ခြေလှမ်းတွေက ထို အလင်းရောက် တောက်နေ သော နေ ရာဆီသို့ တလှမ်းခြင်း ………………တလှမ်းခြင်း

သူသတိ ထား မလိုက်သည် က ထို တဖြတ်ဖြတ် တောက်ပနေ သော အလင်းရောင် သည် သူ ရှေ ရှိ ဆိုင်တဆို င်မှ ထွက်ပေါ် လာခြင်း ဖြစ် ရ်ျ ၊ ထိုဆိုင်တွင်း သို သူ ခြည်း နင်း ၀င်ရောက် လာ သည် အကြောင်းက တောက် ပပ အလင်း ရောင်က သူ့ကို ဖိတ် ခေါ် နေသည်။

အလို နဲ့ ဆိုင် ခန်း မှောင်မှောင် ကြီး ထဲ တွင် တဖျက်ဖျက် တောက် ပနေ သော အလင်းကို သူ အရှူးမူး လိုက်ရှာ နေ မိသည်။

ဘုန်း

သူ အမှောင်ထဲ မှ ဘာမှမ သိသော အရာဝတ္တူ တခု နှင့် တိုက်မိ ပြီး သူလဲကျသွား သည်။ နာ ကျင်မူ ဒဏ် ကြောင့် သူ လဲကျ နေရာ တွင်ခဏ လဲလှောင်း နေလိုက်သည်။ ပြီး သူ အပါ် သို မော့ ကြည့် လိုက်ရာ ……………….တဖျက်ဖျက် တောက်ပ နေ သော အရာကို သူတွေ့ရှိ သွားသည်။

ဓားတ ချောင်း ဖြစ်သည်။ သေချာချာ ပြော ရရင် နံရံ တွင် ချိတ် ထား သော အသွား ရှည် ငှက် ကြီး တောင် ဓား ကြီးဖြစ်သည်။

သူ

သူ…………………..ပြူံး လိုက်သည်။ ဘာကြောင့် လဲဆိုတော့ သူ ပြသနာရဲ အဖြေကို သူရှာ တွေ့ခဲ့ ပြီ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူ ငါး ထပ်တိုက ပေါ် ထပ် တိုက်ခန်း ကို ပြန် ရောက် တော့ အိမ်တံခါး မကြီးပွင့် နေတာ တွေလိုက်သည်။ ပြီး သူ အိမ်တွင်း သို ၀င် လိုက်သော ခါ ဧည့် ခန်း ရှိ တခုသော ခုံ လေးကို မှီရ်ျ တရုံ့ ရုံ့ ငို နေသော သူမကို တွေလိုက်ရသည်။

( ခုလို ကျတော့လည်း ယုန်ကလေး လို ဖြူစင်နေ လိုက်တာ ကွာ)

သူကို မြင်တော့ ခုံလေး တွင် မှီ နေရာ မှ သူကို မော့ကြည့် နေသည်။ ပြီး ပါး ပြင် မှမျက် ရည်များကို လက်နှင့် သုတ်နေသည်။ (အချစ် ရေ အဒီ မျက်ရည်တွေက မျက်ရည်စစ် တွေ လို ငါ မယုံကြည့်တော့ဘူးကွာ )

အကို …….ဟင့် ……….. ကျ မ ကို ကျမကို ဟင့် ဟင့် ခွင့်လွတ်ပါ ။ ကျ မ မှားသွား ပါ ပါ ဟီးဟီး ဟီး

သူမ ထပ်ရ်ျ ငိုနေပြန် သည်။ ( အချစ် ရေ မင်း ရဲ ခု ပုံလေးကို ဟောလိဝုဒ်က သိသွား ရင် အော်စကာ စု ရမှာ မင်း ပဲကွ သိလား)

နောက် အငို တိတ်သွားပြန်သည်။ ပြီး သူမ နုတ်က

အကို ကျမ ကို ခွင့်လွတ် မယ် မဟုတ်လားဟင်။ ကျမ နောင် ဒီလိုမဖြစ် အောင် ပြင်ပါ့ မယ် နော် နော် လို့

သူ………..နုတ်…………ဆိတ်နေခဲ့သည်။

သူမက ကုလားထိုင် ပေါ်မှထပြီး မတ်တတ် ရပ်နေသာ သူဆီသို လှမ်းလာနေသည်။ နုတ်ကလည်း

အကို သိပါတယ် တကယ်တော့ ကျမ ဘ၀ မှာ အကိုသာ အရေးကြီးဆုံး။ ပြီး သူမ သူ့ကို ဖတ် လိုက်သည်။

အွန့် ငုက်ကြီးတောင် ဓားကြီးက သူမ ရင်သား နေရာမှ ကျောဘက်သို ထုတ်ခြင်းပေါက် သွားသည်။

အကို ဘာ ဖြစ် လို့  ဒီ လို လုပ်………………………………….

ပြီး သူ မ ကြမ်းပြင် သို့ လဲ ကျသွား သည်။ ခန္ဓာကိုယ် တခုလုံးလည်း သွေး များဖုံးလွမ်း နေသည်။

သူ ကတော့ မတုန်မလူပ် ငေးကြည့် ပြီး။ နုတ်မှ

ဘာ လိုလဲ ……………..ဘာလိုလဲ မင်း ကသိပ် သိခြင်တယ် ပေါ့ ။ ဒါ ဆိုရင်တော့ ငါ ပြော ပြမယ် မှတ်ထား ။

မင်း ငါ့ ကို

စောက် ရုး လုပ်လို

စောက် ရုးလုပ် လို့

စောက် ရု လုပ် လို့  လို့ ကွ သိပ လား။

ပြီး မင်း ဟာ ငါ့ဘ ၀တခု လုံးကွ ခု မင်းမရှိ တော့ ငါ အသက်ရှင် နေလည်း ဘာသွားလုပ် ရတော့ မှာလည်း။

နောက် သူ ဧပရယ်တွင် စိုက်နေသော ဓား ကို ဆွဲထုတ်လိုက်ပြီး သူ့ ရင်ဝသို ထိုးချလိုက်သည်။ မခံမရပ် နိုင် လောက် သော နာကျင် မူ တခု ကို သူ ခံစားလိုက်ရသည် ။ ပြီး သူ အသက်ရုကျပ်လာ ပြီး မျက်လုံးတွေ ပြာလာသည်။ သူ နောက်ဆုံး ကျန်ရှိနေသာ သူ အား ကို သုံးပြီး ဧပရယ် လဲကျနေသော နေရာသို့  တွာသွားနေသည်။ ပြီး သူ ရဲ မီးညှပ် သ ဏ္ဏန် လက်တု ကြီးဖြင့် ဧပရယ် ခန္ဓာကိုယ်လေးကို သိမ်းကြုံးဖက်ထားလိုက်သည်။

ဧပရယ် ရေ မင်း ကို ငါ မပြောပြတတ် လောက် အောင်စိတ်နာ ပေမယ့် ငါရဲ့ နောက်ဆုံးထွက် သတ်မှာ တော့ မင်းကို ထွေးပွေးထားခြင့်တဲ့ ငါရဲစိတ်ကို တော့ ငါ လေမထိမ်းချူပ်နိုင် ခဲဖူး ကွာ

နောက် ပတ် ၀န်းကျင် တခုလုံး မှောင်တိကျသွား တော့သည်။

ပြီးပါပြီ

စာရေးသူ ၀န်ခံချက်

ကျနော် ကြိုးစား ပမ်းစား လပေါင်းများစွာ အချိန် ကုန်ခံ အပင် ပန်းခံ ရေးခဲ့ ရတယ့် ကျနော် ၀တ္တု လေးနောက်ဆုံးတော့ ဆုံးခန်း တိုင်ခဲ့ပါ ပြီ။ စာရှုသူ တို့ ( တကယ်လို ကျနော် ဒီ ဇာတ်လမ်းကို အစဆုံး ပြီးအောင် ဖတ်တဲ့သူ ရှိရင်ပေါ့ ) ဒီ ကျနော်ဇာတ် လမ်းကို ၀တ္တူတပုဒ် လို လည်းမြင်ခြင်မြင်နိုင်တယ် ဒါမမဟုတ် မိန်းမ တွေကို အငြိုးတကြီး မုန်း တီးရေး သမားလိုလည်း ထင်ရင်လည်း ထင်နိုင်ပါတယ်။

အမှန်က ကျနော် က သိပ် ချစ် တတ်တဲ့ ကောင်ပါ။

စနေ စည်သူ

Posted on November 8th 2009 in general, own tune fiction

ဧပရယ် ၅

2 Comments »


မိန်းမတယောက် က

ယောကျာင်္းတယောက်ကို

မျော်တော့ မျော်လင့်တယ်

ဒါပေမယ့် သူမျော်လင့်ပုံက

ပင့်ကူ တကောင် သူ့သားကောင်ကို

မျော်လင့် ပုံမျိုး

( ဂျော့ဘားနပ်ရှော)

အခန်း ၅

အနှစ် ၂၀ ကျော်တွင်း သူတိုနှစ်ယောက် ဒီညနေခင်းလောက် နီးကပ်ကပ် ရှိလိပ်တော့မည် ဟုသူမထင်။ သူတို့နှစ် ယောက် ထမင်းစာ ပွဲ ၏ တဘက်တချက်တွင် ထိုင်နေသည်။ အရာအားလုံး ကတိတ်ဆိတ် နေသည် နံရ့ချိပ်ထား နံရံ ကပ်နာရီ က မီနစ်သံ လေး ရွေ့ လားသံ ချပ် ………..ချပ်…………ချပ် ကို သာကြားနေရသည်။

စားပွဲ ပေါ် တွင် ပူပူ နွေးနွေး ချက်ထားသော ကြက်သည်းမြစ် ဟင်း နှင့် သီးစုံချင်ရည် ဟင်း က အနံ့ တထောင်းထောင်းနှင့် စားခြင်စ ရာ ။ သိုပေမယ့် ဘယ်သူမှ မတို့ထိကြ။ သူကလည်း ဘေးနားက ရွေနွေးခရား ထဲက ရေနွေး ကိုသာ တကြိုက်ထဲ တခွက် ပြီး တခွက်သောက်နေသည်။ သူ သတီ ထားမိသည် ဧပရယ် က သူ့ကို မရဲတရဲ ခိုးခိုးကြည့် နေတာကို ။ နောက်ဆုံး တော့ သူမ ထံမှ စကားသံထွက်လာသည်။

ကျမလေ ဒီနေ့တနေ့လုံး အလုပ်လုပ်ရတာ စိတ်ကိုမဖြောင့် ဘူး ။ တချိန်လုံး ရှင့် အကြောင်းကြီးပဲ တွေးမိတယ် အထူးသဖြင့် ရှင်ခေါင်းကိုက် ကိုက်နေတဲ့ အကြောင်း ပေါ့ ။ ဒေါက်တာ သန်းအောင် ရဲ အစိုရဆို ရှင်ဟာက စိတ်ကြောင့်ဖြစ်တာ ဆိုတော့ သေချာ စဉ်း စားကြည့်လိုက်တော့ ကျမသိလိုက်တယ် ရှင် ကျမကို သံသယ၀င် နေလို့ ဒီလိုဖြစ်နေတယ်ဆိုတာ

ပြီး သူမ ခဏနားလိုက် ရ်ျ စကားစခဏ ပြက်သွားသည်။ နောက်ဆက်ရ်

အဒါ နဲကျမလည်း ဆေးခန်က လူတွေကို အိမ် ကိစ္စ လေး ရှိလို့ စော ပြန်ခွင့် ပြု ပါလို့ ပြောပြီး ပြန်လာလိုက်တာ

သူက တော့ ခေါင်းတငြိမ့် ငြိမ့် နှင့်

ဒါ ဆို မင်း ငါ့ ကိုချစ်သေး တယ် ပေါ့

ချစ်တာပေါ့ ရှင့်

အနှစ် ၂၀ တလျှောက်လုံး

သူ ရဲ့ ဒီလို အမေးတွေကြောင့် သူမက နုမ်းခမ်းလေး ဆူလာပြီး ။

ရှင်ကကော။ ရှင် ကကော တကယ်ပဲ ကျမနဲ့ နေရတာကို စိတ်ကုန်နေပြီလား

ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ ကွာမင်းကလား

အလိုလည်း ဆိုလိုက် ရော သူ မကလည်း ရယ်ကျဲ ကျဲနှင့်

ဘယ်လိုလုပ် ကျမ က သိနိုင်မှာလဲ ရှင် ရယ် ဟီး ဟီး

သူ ရင်ဘက်ကြီး က သိပ်ကိုတင်း ကျတ် လွန်းနေသည်။ လေ တွေ တနင့် တပိုး ထိုးရ်ျ ထားသော လေပူပေါင်းလိုမျီူး မျိုသိပ်ထားတာ ရ်ျ ပြည့်နက်နေ လွန်း ပေါက်ကွဲ တော့ မည်။ ဒါကြောင့် သူ ဒီနေ့တော့ သူ ခံစားရသမျှ သူမကို ပြောကို ပြောတော့ မည် စုံးဖြတ်ချက် ချလိုက်တော့သည်။

ဧပရယ်က ထမင်း စားပွဲကို ရှင်းနေတုန်း သူကတော့ အိပ်ခန်းထဲ သိုဝင်သွား ပြီး အိမ်ယာ ပေါ် သို့ လှည်းချလိုက်သည်။ သူ သိသည် မကြာမီ ဧပရယ်က သူနံဘေးကို လာမည်ကို ဖြစ်သည်။ ဒါကြောင့် သူ မျက်စိ ပိတ်ပြီး အိပ်ယာ ပေါ် တွင်မိန်း နေသည်။ မကြာလိုက် ခြေ သူမ အခန်းထဲ ၀င်လာ သောခြေသံကြား လိုက် သည်။ ဒါကြောင့် သူက

ပြတင်းလိုက် ကာလေး ချ လိုက်ကွာ။ နေထိုးလို့ ပြတင်းတံခါးလေး တော့ ဖွင့် ထားခဲ့ ဒါဆိုလေ လေး ဘာလေး ၀င်တာပေါ့

သူမက သူ ပြောသည့် တိုင်း ပြတင်းပေါက် လိုက်ကာကိုချ လိုက်သည်။ ပြီး သူ ရှိသော အိပ်ယာ ဘေးတွင် ၀င်ထိုင်သည်။

ဧပရယ် မင်း သိလား

ဘာကို သိရမှာလည်း

ငါကတော့ မင်း နဲ့ ပက် သတ်ရင် အမြဲတမ်း သံသယ ၀င် နေတဲ့ကောင် ပါ

သူမက တော့ ပါးချီုင့်လေး ပေါ် အောင် ပြူံး လိုက်ပြီး ။ နောက် သူမက ပဲ

သိပါတယ် ဒါကတော့ ရှင်က ရှင့် သူငယ်ချင်း တွေနဲကိုတောင် ကျမကို ဟုတ်တိပတ်တိ မိတ်ဆက်ပေး ခဲ့တာတောင် မဟုတ်ဘူး

သူကတော့ အရိုက် ထိသွားသော လူတယောက် လိုမျီုး နုတ်ခမ်းကို တွန့်လိုက်ပြီး အရှက်ပြေ

အဒါကတော့ ကွာ ငါ မှက လည်း အပေါင်းသင်းနည်းတယ်လေ

သူ မျက်နှာ တည်လိုက်ပြီး။ လေးနက်တည် ကြည်သော အသံဖြင့်

ဧပရယ် ရေ သေချာနားထောင် တော့ မင်းကိ ငါ ဘာတွေဖြစ်ပျက်နေတာ တွေကို ရင်ဖွင့် တော့ မယ့်။ တကယ်ကို ရင်ထဲမျို သိပ်ထား တာတွေ ဒေါက်တာ သန်းအောင်ကို တောင် မပြောပဲ ထားတာ တွေ ကို မင်းကို ပြောတော့မယ်။ ငါ ထင်တာ က ဒီလို ဆိုရင် ငါ တို့ကြားမှာ နားလည်မူ တွေ ပို တည်ဆောက်နိုင်မလားလို့ ပြီး မင်းလည်း မင်းစိတ် ထဲ ရှိ တာတွေ လည်း ပြောချင် ပြောမလားလို မျော်လင့် ရင်းပေါ့

ဧပရယ် ကတော့ စိုး ရိမ် စိတ်မကင်းသော အသံဖြင့်

အကို တကယ် ကော ဒီလို ပြောကို ပြောမှ ဖြစ်မယ် လား

ဒီမယ် ဧပရယ် သေချာ နားထောင် ကွာ ။ ငါ့ မှာ ရှးသွပ် မူတခု ရှိတယ် အဒါက တော့ ငါပိုင်ဆိုင် သမျှ အရာကို ငါ တယောက်တည်း သာ အကြွင်းမဲ့ ပိုင်ဆိုင် လိုတာပဲ။ ဘယ်သူမှနဲ့ လည်း ခွဲဝေ ခံစားလိုစိတ်မရှိဘူး။ ငါ ငယ်ငယ်တုန်း ကပေါ့ လေ ၎

နှစ် လောက် အရွယ် ကပေါ့ အိမ် နားက ငါ့ရွယ် ကောင်မလေးတယောက် ကို အိမ်မှာ ခေါ် ပြီး လင်မယားလုပ်တန်း ကစား ကြတယ်။ အဒီရွယ် ထဲက ငါ့ စိတ်ထဲမှာ သူမ ဟာ ငါ့ ပိုင်ဆိုင်တယ့်အရာ ငါဟာ သူမရဲ့အရှင်သခင်ဆိုပြီး ကြည်နူးခဲ့ဖူးတာ။

ငါ ငယ်ငယ် ထဲက ငါဟာ အဖေ့ကို သဘောကျ ခဲ့တယ်။ မနက် ဆိုရင် သူ ဘတ်စ်ကား မောင်းဖို ထွက်သွား ပြီ နောက် ညနေ အတော် လေး မှောင် တော့ မှ အဖေ ဘီအီး တပိုင်းလောက်ကို ကြွတ်ကြွတ် အိတ်လေး ထည့်ပြီး သယ်လာတဲ့ အဖေ။ ပါလာ သမျှ ငွေကို အမေ့ လက်ထဲ အပ်မယ် ပြီး အမေ ပြင်ထားတယ့် ထမင်း စားပွဲကို ၀င်ထိုင်မယ် ထမင်း မစားခင် ၀မ်းဆိုအောင် ဘီအီး တခွက်သောက်မယ် ပြီးမှ ထမင်းကို အားရပါး ရ ကြုံးစားမယ်။ ဘေးနာက အမေက ယပ်လေးခပ်ပြီး ဟိုအကြောင်း ဒီကြောင်း တွေ မမော တမ်းပြောတာကို အဖေက ပြူံး ပြီး နားထောင် မယ် တကယ်တော့ အဖေဟာဘယ်လောက် အရှင်သခင် ဆန်လောက်လည်း ပြီး ကိုယ်ကို မျော်လင့် အထင်ကြီး တယ့် မိန်းမ နဲ သားသမီးတွေ ရှိတယ်။ ဒါကြောင့် ကိုယ်က ငယ်လေးတည်းက အဖေ့လိုမျိုး သာယာတဲ့ အိမ်ထောင်တခုကို ဦးဆောင်နိုင်သူဖြစ် ရယ်မယ်ဆိုပြီး စိတ်ကူးယဉ်လာခဲ့တဲ့ ကောင်ပါကွာ။

သူ အာခြောက်လာသော ကြောင့် စကားစကို ခဏ ဖြတ်လိုက်ပြီး နောက် ဆက်ရှ်

ဒါကြောင့် အရွယ်လည်းရောက် ရော ဘ၀မှာ ရပ်တည်နိုင်ပြီ ဆိုတာ နဲ့ ငါမိန်း မယူဖို့ကြိုးစားတော့တာပဲ။

အဒါ နှင့် ကျမကို တွေခဲ့တာပါ့သူမက ကြားဖြတ် မေးသည်။

ပွင့်ပွင့် လင်းပြောရရင် တော့ တကယ်လို့ မင်းကို မတွေခဲ့ ရင်လည်း တခြားတယောက် ကို ငါ လက်ထပ်ယူမှာပဲ။ တန်ဖိုး ထားမှာပဲ ပြီး အားကို လောက်တဲ့ ယောကျာင်္း ကောင်းဖြစ်အောင် လုပ်မှာပဲ

သူ ရုတ်တရက် ခံတွင်း ခြင်လာ တယ် ။ ဒါကြောင့် ကုထင်း ဘေးနား က ဘီဒို သေးလေး ပေါ် တွင်တင်ထား သော စီကရက် တုကို သူ၏ မီးညှပ် ပုံစံ လက်တု ဖြင့် ညုပ်ပြီး နုတ်ခမ်း သို့ တေ့ နောက် မီးချစ်ကို ပါ ညုပ်ယူပြီး မီးညို လိုက်တော့ သည်။ ဆေးလိပ်မှ ထွက်လာ သော မီးခိုးများ သည် လိုက်ကာ ကာ ထားသော ပြတင်းပေါက်မှ နေပြီး အပြင်သို လွင့်ပြယ်သွားသည်။ နောက် ပြတ်သွားသော စကားစကို ပြန် ကောက်လိုက်သည်။

ဒါပေမယ့် ခုကျတော့ကွာ။ ငါ မျော်မှန်းခဲ့သလို အိမ်ထောင်ဦးစီး ကောင်းတော့ ဘယ်နည်းနဲ့ မမဖြစ်နိုင်တော့ဘူးကွာ။ ပိုဆိုးတာက တော့ ဒုက္ခိတ္ဆ တယောက်ဖြစ် ပြီး ဘ၀တလျှောကလုံး မတောင့်မတ မကြောင့်မကြ ထား ပါမယ် လို့ ကတိ ပေးထားတဲ့မိန်းမ ကိုတောင် ပြန်ပြီး မှီခို နေရပြီကွာ။ အဒီ ကြောင်းတွေ တွေးပြီး ငါသောက ရောက် နေခဲ့တယ်။

ရှင် အချိန် တိုင်း ဒီလို တွေးတွေး နေတာလားသူမက မေးသည်။

သူက

အချိန်တိုင်း တော့ မဟုတ်ဖူး မင်းအလုပ်သွား ပြီး ငါတယောက်တည်း ရှိနေတဲ့အချိန်တွေမှာ ပေါ့

ဒီထက်ပိုဆိုး တာက ငါရဲ့ ချိုးယွင်းချက်တွေကြောင့် အကြီးမားဆုံး ငါရဲ့ ပိုင်ဆိုင်မူ ဖြစ်တဲ့ မင်းကို ငါဆုံးရုံး မှာ အရမ်း စိုးရိမ်မိတယ်ကွာ

သူမက တော့ သနားသွားဟန် ဖြင့် မျက်လုံး ကလေး ကလယ်ကလယ်နှင့်

ဖြစ် ရလေ ရှင် ရယ်

သူတွေး မိသည် သူဆက်ပြောနေလျှင် သူမ သူ့ကို စာနာပြီး မျက်ရေ ၀ဲတော့မည်။ ဒါပေမယ့် မတတ်နိုင် ပြီ သူ ဒီနေ့တော့ ပြောကို ပြော မကို ဖြစ်မည် ဟု စုံးဖြတ်ထားသည်။

ဒါကြောင့် မင်းနှင့် ပက်သက် တဲ့ ဘယ်ကောင်ကို မဆို ငါကတော့ အစားလု ခံရမှာ စိုးလို မာန်ဖီ တဲ့ ခွေးလိုမျိုး ငါ ရန်လိုမိတယ်။ မင်း ဟိုကောင်လေးကို ငါတို့ တိုက်ခန်း ရဲ ဒုတိယ ထပ်မှာ လာပြောင်းနေ ပြီး ကြည့်ရှပေး ရတော့မယ်ဆိုတုန်း က ငါ အဒီ ပိုလီယိုကောင်လေး ကို ရန်လိုမိတယ်ကွာ။ အထူးသဖြင့် မင်းက နေ့တိုင်း သူခန်းထဲဝင် ပြီး ကြည့် ရှပေးရတော့ ငါ စိတ်ထဲမှာ ဘယ်လို မှ မခံစားနိုင်ခဲ့ဖူးကွာ

ဒီလိုလည်း ဆိုတော့ သူမ ကပြာပြာ သလဲဖြင့်

ဒါဆိုရင် သူအမ ဟေမာကိုပြောပြီး ဒီကောင်လေးကို ဒီ ကပြောင်းခိုင် လိုက် ရတော့မှာလား

မလုပ် ပါနဲ့ ကွာ ငါရဲ စိတ္တ ဇ ဆန်တဲ့ ရုးသွပ်မူ့ကြောင့် တော့ တခြား လူတွေ မထိခိုက် စေပါနှင့် တော့။ ငါ သံသယ ၀င် တာ သူတယောက်ထဲ တော့ မဟုတ်ဖူး မင်းနှင့် ပက်သက်တဲ့ ဘယ်ကောင်မဆို ငါက မင်းကိုလုမယ့် ကောင်လိုခြည်း ပဲမြင်နေတာ။ ပိုလီယို ကောင်လေး ။ ဆေး ခန်း က ပိုင်ရှင် အဘိုးကြီး နောက် ရောက်လာတဲ့ ဆရာဝန် အသစ် ပြီး…………ပြီး………….ငါမသိ တဲ့ မင်းနှင့် ပက်သတ်တဲ့ တခြားကောင်တွေ ………………………………………………………………………..အားလုံး အားလုံး ပဲကွာ ရှိရှိ သမျှ ကောင်တွေ အကုန်လုံး ငါ့ ဆီ က နေ မင်းကိုလု မယ်လိုထင် နေ ကွာ ရှင်းပြီလား

သူမက တော့ ပါးစပ် အဟောင်းသားနှင့် တအံ့ တအော နား ထောင်နေသည်။ သူ ဒီတစ်ကြီမ်တော့ သူမ ကို မငဲ့ ညာနိုင်တော့

မင်း က တော့ ငါ့ ကို ရူးနေတယ် လို့ထင်မှာပဲ။ ဟုတ်တယ် ငါ ရူးနေပြီ။ မင်းကို ဆုံးရုံး ရမယ်ဆိုတဲ့ အတွေးကြောင့် ငါ ရူး နေမိပြီ ကွာ

သူ တကိုယ် လုံးဇော ချွေးတွေ ပြန်လာသည်။ ပြီးနောက် အာတွေချောက်လာ ပြီး အသက်ရူရ်ျ မ၀ တော့။

ဖြစ်မဖြစ် ရလေ ရှင် ရယ်။ တကယ်တမ်း ဒီလို ဖြစ် နေတာ ဟာလက်စက်သတ်တော့ ကျမ ကြောင့်ကိုး

ဒါ တွေဟာ ငါရဲ့ တယူသန် အတွေးတွေ ပါကွာ။ မင်း ငါ့ကိုပွင့် ပွင့် လင်းလင်း ပြောကွာ စိတ်ထဲရှိတာ တွေ

သူမက

ဘာကို ပြောရမှာလဲ

မင်းစိတ်ထဲ အမှန် တကယ် ခံစား နေရတာတွေပေါ့

အဒီလို တွေ မရှိ

သူက အလော တကြီး ကြားဖြတ်ရ်ျ

မင်း ငါမေး မယ့် မေးခွန်း ကို ပဲ ဖြေ

သူမက လည်း သူ့အလို ကြ

အင်း

မင်း ငါ့လို ဒုက္ခိတ္တ နဲ့တူ နေရတာ စိတ်ကုန် နေပြီလား

မကုန်ပါဘူး

မင်းငါလို မင်းကို တင့်တော့တင့်တယ် မထားပေးနိုင် ပျော်ရွင်ဘ၀တခု ကိုဖန်တီးမပေးနိုင်တဲ့ အဒီစား မင်းလုပ်စာ ထိုင် စားနေတဲ့ ငါလို ကောင်ကို ပြစ်ခွေ ပြီး မင်း ကို တင့်တောင့် တင့် တယ်ထားနိုင်မယ့် ယောကျာင်္း တယောက် ကို မျော်လင့် နေလား ဒါ မမဟုတ် မင်း မှာရှိ နေပြီလား ။ဒီလို ဆိုရင် ငါ့ကိုပွင့်ပွင့် လင်းလင်း ပြောပါ ငါ မင်းကို ခွင့်လွတ် တယ်

သူအသံကို သဘောထား ကြီး သော အသံပေါက် အောက်သူ အတတ်နိုင် စုံးကြိုး စားထားသည်။

ပြီး နောက် တခန်းလုံး တိတ်ဆိတ်သွားသည်။

နောက်

သူမ ဆီက အသံထွက်လာသည်။

ရှင်က ကျမကို ဘယ်လိုအစားထဲက မှတ်နေလား။ ရှင် အတွေး ထဲမှာ ကျ မ က အဒီလောက်တောင် အောက်တန်းကျနေလား။ ဒီမယ် မှတ် ထားပါ ဦးကိုကိုကြီး ရှင့်ကို ယူဖိုဆုံးဖြတ် ထားကတည်းက ဘယ်လိုဘ၀ပဲ ပဲ ရောက် ရောက် အေးတူပူမျှ ဖြတ်သန်း သွားမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ကိုယူခဲ့တာ။ ဘ၀မှာ တင့်တောင့် တင့်တယ် နေရဇိုဆိုတဲ့ ရည်ရွယ်ချက် နဲ့ ယောကျာင်္ တယောက်ကို ယူ တဲ့အစားထဲ မှာ ကျမ မပါဖူးဆိုတာ မှတ်ထားလိုက်စမ်းပါ

သူမက ဒေါသဖြင့် အော်ပြောလိုက်သော ကြောင့် သူ အနည်းငယ် တုန်လူပ်သွား သည်။ သူတသက် တာတွင် သူမ ဒီလောက် ထိ ဒေါ ထွက် နေတာကို မကြုံဖူးခဲ။ သူကလည်း အတော်လေး လွန်သွားသည်။ ပြီး စိတ်ထဲမှာ လည်း အတော်လေး ပျော် သွားသည်။နောက် နုတ်မှလည်း

ငါ မှားသွားတယ် ။ တောင်းပန်ပါ တယ်ကွာ

ပြီး

ဘာစကား သံမှ ထွက်မလာတော့။ ခဏကြာသော် နှစ်ယောက်သား တယောက် ကို တယောက် ဖက်လျှက် အိတ်ပျော် နေကြတော့ သတည်း။

ဆက် ရန် စည်သူ

Posted on October 20th 2009 in fiction, own tune fiction

ဧပရယ် ၎

2 Comments »


မိန်းမတယောက်၏

 အချစ်ကို ရဖိုထက်

မိန်းမ တယောက် တွက်

အသက် စွန်ရဖိုပိုများတယ်

                                 ( ဂျော့ ဂေါ်ဒွန်ဘိုင်ရွန် )

 

အခန်း ၎

သူလှေကား လက်တန်ရင်းတွေကို သူ၏ မီးညိပ်သဏန် လက်တု ထိပ်ဖျား နှင့် ထိပြီး ဆင်းလာသည်။ သူ ဆင်းလာ တာ တတိယထပ် သို့ရောက်တော့ မောလာရ်ျ ခဏ နားလိုက်ရသည်။  နောက် သူ ဆက်ပြီး ဆင်းလာ ခဲ့သည် သိုပေမယ့် ဘာလိုလည်းတော့ မသိ ဒုတိယထပ် သို့ရောာက်တော့ သူခြေလှမ်းတွေ အလိုလိုရပ်သွားပြီ။ ဟုတ်သည် ဒီထပ်မှာ လင်းဟန် လိုခေါ် သော ပိုလီယိုဖြစ်နေသော ကောင်လေးနေသည်။ သူအရင်စုန်း ဘယ်ဘက်မှာ ရှိနေသော အခန်းဆီသို မျက်လုံးဝဲ ကြည့်လိုက်သည် ။ သူအမြင် ရတော့ အဒီခန်းတွင် လူနေသည့် ပုံမပေါ် တံခါး မှာ ဖုံးများအလိမ့်လိမ့် နောက်ဆုံးဖွင့် ခဲ့သည် မှာ အတော်ကြာ ခဲ့သည် ထင်ရသည်။ ပြီး သူ လင်းဟန် ဆိုသော ကောင်ကလေး နေသည် ဆိုသော အခန်း တံခါး ဆီသို့ မျက်လုံး ရောက် သွားရာ ကြည့်ရသည် အခန်းတံခါး မှာ မကြာသေးမှီက မှန်သုတ်ထား သော ဆေးနီးရောင်ကြောင့် တောက်ပသစ်လွင် နေသည်။ ထူးခြားသည် မှာ တံခါး လက်ကိုင် ဘုဖြစ်ပြီး ထူးထူးခြား ကြွေဖြင့်လုပ်ထားသော လက်ကိုင်ဘုလေးဖြစ်သည်။ သူမြင်ယောင်နေမိသည ဒီ ကြွေလက်ကိုင်ဘုလေးကို လှည့်လှည့် ပြီး ဧပရယ် လင်းဟန်ဆိုသော ကောင်လေး ဆီသို သွားသွားတွေ့နေ သော ပုံဖြစ်သည်။ ဒီ လင်းဟန်ဆို သော ကောင်ကလေး ဘယ်လိုပုံစံ ရှိသလဲ သူ စိတ်မှန်းဖြင်းပုံဖော်ကြည့်နေမိသည် ။ အင်း ဧပရယ်ကတော့ အသေချာသိမှာပါ ။ တကယ်တော့ သူ ဧပရယ့် ပတ်ဝန်းကျင်ကို ဂကဏန သိခွင် ရခြင်သည်။ ခုတော့ သူ အားမလိုအားမရဖြစ်နေရသည်။ပြီး သူ အောက်ဆုံးထပ်သို့ ဆင်းလားသည်။ သူအောက်ဆုံးထပ် စင်ဝင်မှနေ အပြင်သို အထွက် လူတယောက် သူရှေမှ ပိတ်ရပ်နေသည်။

စာပါလာတယ်။ ဦးကိုကိုကြီး

ဦးထုပ်ပြာ အင်္ကျီပြာ နှင့် စာပို့သမားက သူကို စာ အိတ်တအိတ် ကမ်းပေးလိုက်သည်။ သူကြည့်လိုက်တော့ မစွန်းမသန် စစ်မူထမ်းဟောင်း အသင်း ကကြီးမူကျင်းပသော ပွဲတပွဲ တွက် သူကိုဖိတ်သော ဖိတ်စာဖြစ်သည်။

တော်သေးတယ် ခင်ဗျာကို ဒီမှာ တွေလိုနို့မိုဆိုရင် ၅ထပ်ထိ တပ်ရ အုန်းမယ်။ သူကပဲဆက်ပြီး ခင်ဗျာ တကယ်ကော အဆင်ပြေရဲလား ခင်ဗျာပုံကြည့်ရတာ ဖြူဖတ်ဖြူရော် နှင် တခုခုကို စိုးရိမ်း ထိပ်လှန့်နေပုံပဲ

သူ စာပိုသမား၏ စကားကြောင့် ထိပ်လန်သွားသည် သူတကယ်ပဲ နေမကောင်းတဲ့ ပုံ ဒါမှမဟုတ် စိတ်ဓာတ် ကျနေတဲ့ ပုံပေါ် နေလား ။ သူ စကားစဖြတ်ချလိုက်တော့သည်။

ခုကျူပ်ဈေးသွားတော့ မယ် ဒါပဲနော်ဆိုပြီး ထွက်လာလိုက်သည်။ 

 

တကယ်တော့ သူ ဈေးဝယ်ရ တာကိုကြိုက်သည် အထူးသဖြင် အနီနား က အသောကလို့ ခေါ် သောဈေးလေးကို သွားပြီး ဈေးဝယ်ရတာမျီူးပေါ့။ သူ သူ၏လက်တုကြီး ဖြင့်ဈေးခြင်းတောင်ကို ကိုင်ပြီး အိမ်ရှင်မတယောက်လို ဈေးဝယ်ရတာကို သူ မရှက်ပါ။ အမှန်တော့ ဈေးဝယ် နေသူထဲတွင် ပင် သူလိုဘ၀တူ ယောကျာင်္ ကြီးတွေ လည်း အများကြီး ရှိသည်။ သူတိုက မုဆိုးဖိုတွေ၊ လူပျိုကြီးတွေ၊ ပင်စင်စားတွေ ပြီး မိန်းမပြင်းကို ယူမိသော ကံဆိုးသော ယောကျာင်္း တွေ ဖြစ်သည်။

 

သူ ကြက်အသဲမြစ် ၀ယ်ဖို့ တွက်ကြက်သာ ရောင်းသော ဈေးသည်နားဆီကို သူ အရင်ဆုံး ၀င်လိုက်သည်။ ဟော သူတွေ့ပြီ ကြက်သား ရောင်းသော ဈေးသည် ကို အသောကလမ်းထောင့် ကတ္တရာလမ်းဘေး တွင်  တလာဘတ်လေးခင်းပြီး ရောင်းနေသည်။ သူက

ဒီမယ်ဈေးသည် ဗျို့ ကြက်သည်းမြစ် လက်လက်လေးလေး ၁၀ သားလောက် ပေးပါ၊ နောက် ကြက် အသည်းမြစ်တွေကို သေချာ စင်အောင်ဆေးပေးပါနော်

အလို နှင့် ကြက်သား သည်ကလည်း သူမ၏ မည်းပြီး တုတ်ခိုင်သော လက်တုတ်ကြီး ဖြင့် ကြက်သည်း မြစ်တွေကို သူလိုကြ ရေဆေးပေးနေသည်။ နုတ်မှလည်း

ဘယ်လိုလည်း ဦးကိုကိုကြီး နေရထိုင်ရတာဘယ်လိုလည်း

ကောင်းပါတယ်

ထိုသို ပြောလိုက်သော ခါ ကြက်သားသည်က သူ့ကို မယုံသင်္ကာ သောမျက်လုံးဖြင့် ကြည့် နေရ်ျ သူအံ့အား သင့်သွားသည်။ ဘာကြောင့် လူတွေက သူ နေကောင်းနေပါတယ်လို့ ပြောတာမယုံကြတာလည်း သူမစဉ်းစား တတ်တော့။  သူကကော တကယ်ပဲနေကောင်းနေရဲ့လား။ သူ ဆက်မတွေးတော့ ဈေးသည်  ထုတ်ပေးသော ကြက်သည်းမြစ်ထုတ်ကို လှမ်းယူလိုက်သည်။ ပြီး သူ အရေသောက် ဟင်း တခွက်ချက်ဖို့ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ဆီသို ခြေဦးလှည့်လိုက်သည်။ လမ်းတွင် ဆော့နေကြသော ကလေး တသိုက်က မီးညပ် ပုံစံလက်တုကြီး နှင့် ခြင်းတောင်းကိုကိုင်လာသော သူ့ကိုမြင်တော့ အထူးအဆန်း ငေးကြည့်နေသည်။ သူ ဒါတွေ ကိုသတိမထားနိုင်တော့ သူတစုံတခုကို နက်နက်နည်းနည်း ဆင်းစားနေမိသည်။ ဒါက လူတွေက သူနောက်ကွယ် ကြရင်ဘယ်လို များ သူ ကို အတင်းဖျင်းတွေပြောကြမလဲဆိုတာကိုပေါ့။ ဟိုကြက်သားသည် ကကော သူအကြောင်း တခြားဈေးသည်တွေနှင့် အတင်ပြေခြင်းပြော နိုင်တာပေါ့။ အဒါဆိုသူတို့ဘာတွေပြောကြမလဲ?

ကြက်သည် က ဒီလိုပြောနိုင်တယ်

အင်း ဒီလူကြီးကို ကြည့်ရတာ တနေ့ထက်တနေ့ ပိန်ခြူံးလာသလိုပဲ နော်

အလိုဆို ဘေးနားက ၀က်သားသည်က မဲရွဲပြီး တော့

သူလို ဒုက္ခိတ္တ တယောက် အနေနှင့် ပညာတတ်မိန်းမလှလေးရတာ ကံကောင်းတာပေါ့အေ

ဟုတ်ပါတယ်အေ အဒီမိန်းမက ပဲ သူကိုရှာကျွေးနေရတာတဲ့ ကောင်မလေးက တော့ သနားပါတယ်အေ

ဒါကတော့အေ သူတို ယူတန်းက တော့ ဒီလူ ဒီလို ဒုက္ခိတ္တ ဟုတ်ခြင်မှဟုတ်မှာ ပေါ့ ဒီလို ဆိုဒီလိုမိန်းကလေး မျိုးကဘယ်ယူမလဲအေ ညည်းပဲစဉ်းစားကြည့်ပေါ့

ကောင်မလေးက တော့ သနားပါတယ်အေ

စသည်ဖြင့်

စသည်ဖြင့်

 

စသည်ဖြင့်…………………………..သူတို့ပြောကြလိတ်မည်ကို သူမြင်ယောင်နေသည်။

 

သူ ဟင်းသီးဟင်းရွက်များ ရောင်းသော နေရာသောခါ ကန်စွန်းရွက်နှစ် စီး တခြား ဟင်းခက်အမွေးကြိုင် တိုလီမိုလီ များ ၀ယ်ခဲ့ပြီး အိမ်သို့ ပြန်လာခဲ့သည်။ သူ လှေကားတိုင်းအပေါ် သို့တက်လာရာ ပထမထပ် သို့ရောက်သော ခါ ပိုလီယိုကောင်လေး ကို ပုံမှန်လာ ပြုစုပေး သော နေစား သူနာပြု သည် ထိုကောင်လေးခန်းတွင်းသို ၀င်သွားသည် ကိုမြင်လိုက်သည်။ သူ အခန်းတံခါး မပိတ်မှိ ထို ကောင်လေး ကို မြင်ရနိုး ခန်းတွင်း သို့ ခိုးကြည့်လိုက်သည်။ ဒါပေမယ့် သူ ၀ါရောင်ဆေးသုတ်ထားသော နံရံ ခြည်း ကိုသာမြင်လိုက်ရသည်။ နောက်တံခါး ပိတ်သွားသည်။ ပြီး သူလည်း အပေါ် သို့ ဆက်တတ်လာခဲ့တော့ သည်။

 

သူအခန်း သို့ပြန် ရောက် လာခါ မီးဖိုခန်း သို ၀င်ပြီး ဈေးခြင်းတောင်းကို သွားထားသည်။ ရေဆာလာသော ကြောင့် ရေခဲသေတ္တာထဲမှ ရေ တပုလင်း ကိုထုတ်ပြီး တ၀က်ကြိုးတဲ့ ထိ မော့ချလိုက်သည် ။ ပြီး သူ အိမ်ရှေ့ခန်း သို့ ပြန်ထွက်လာသည်။ နေ့လယ် မိုလိုလား မသိ အခန်းက ပူလှသည် ဒါကြောင့် သူ ပြတွင်းပေါက်တွေကိုဖွင့်ထားလိုက်သည်။ ပန်းချီဆွဲလို စိတ်လည်း မရှိတာကြောင့် သူ ဒီတိုင်းပဲ ထိုင်နေလိုက်ပြီး ပြာခွက်ထဲက ဂျီုးသိမ်းဆေးပေါ လိပ်တိုကို မီးညှိပြီးဖွာလိုက်သည်။ သူခဏထိုင်အုန်းမည် ပြီးလျှင် သူနေ့လည်စာကို ဖြစ်သလို ကြက်ဥပဲ ကျော်ပြီး စားလိုက်မည်။ နောက် နေစောင်းတော့ မှညနေ စာကို စပယ်ရှယ် ကြက်သည်းမြစ်ဟင်း ချက်မည် ။ သူအလျှင်မလို ပါ သူမှာ အားလပ်ချိန်တွေ များလွန်းလှသည်။

 

ဟုတ်သည် သည် အားလပ်ချိန်တွေ များလွန်းခြင်းကြောင့်ပင် သူအတွေးတွေ၏ ခြောက်လှန့်ခြင်းကို ခံနေရခြင်းဖြစ်သည်။ ဒါကြောင့် ဒေါက်တာ သန်းအောင်က သူကိုတနေရာရာကို သွားခိုင်းနေခြင်းဖြစ်သည်။ တကယ်တော့ မတွေးအောင်ပင်။ တကယ်ပါ သူ စိတ်ကျနေသည် ပြီး စိတ်ကြောင့် ခေါင်းကိုက်ကိုက်နေသည်။ မေးခွန်းက ဘယ်အရာကသူကို စိတ်ကျစေသလဲ???

 

ဒုက္ခိတ္တ တယောက်ဖြစ်နေပြီး အိမ်ထောင်ရေးကို မဦးဆောင်နိုင်တော့လိုလား? …..ဟုတ်တော့လည်းဟုတ်သည် ခုသူက အိမ်မူကိစ္စ တွေကို သာလုပ်နိုင်ပြီး တကယ်တော့ ဧပရယ်သာ ဦးဆောင်နေရသည်။ ဒါကြောင့်များလား ……………..

ဒါကတကယ်တော့ တစိတ်တပိုင်းပါတာ တော့ သူသေချာသည်။ တကယ်အကြောင်းရာကတော့

သူ………………..သူ…………………….သူ ဧပရယ်ကို

 

သံသယ ၀င်နေတာ ကြောင့်ဖြစ် သည်။…………………………………..

ဒီလိုဆိုရင် သူလို အိမ်မှာ တနေ့လုံးနေရသော အိမ်ရှင်မများ ကော ဒီလိုပဲ သူတို့ယောင်္ကျားပေါ် သံသယ၀င်နေတာပဲလား။ အခြေနေခြင်းက မတူပါ သူတို့မှာ ကလက်နှစ်ဖက်ရှိသည် ပြီး တော့ သူတို့က သူတို့ယောကျာင်္းနှင်လက်တွဲပြီး လမ်းလျှောက်လျှင်ဘယ် သူကမှ အလေးထားပြီး ကြည့်နေမည်မဟုတ်။ သူက မတူ သူက သူတို့နှင် လုံး ၀ကို မတူ သူကီး  …………သူက

 

လက်နှစ်ဖက် ပြတ်နေ သောာ လူစဉ်မမီသော ဒုက္ခိတ္တတယောက်။………………..

 

သူဗုးနင်းမိ ပြီး လက်နှစ်ဖက်ပြတ်လို ဆေးရုံမှာ တတ်ပြီး ကုနေရထဲက ဧပရယ်က ပြူစုစောက်ရှောက်ပေးလာခဲ့ ရတာ ခုချိန်ထိဆိုတော့ သူမတွက သူက တော့ အားကိုဖိုကောင်းတဲ့ ယောကျာင်္း ကောင်းတယောက်တော့ မဟုတ်တော့ တကယ်တော့ မိန်းမတွေက အားကိုဖိုးကောင်းတဲ့ယောကျာင်္းတွေကိုမှ ပိုပြီး သဘော ကျတတ်တာ မဟုတ်လား။ အလိုဆိုရင် သူ့မိန်းမကကော

 

အားကိုးဖိုကောင်းတဲ့ ယောကျာင်္းတယောက် ကိုမျော်လင့်မနေနိုင်ဖူး လို့ ဘယ်ပြောနိုင်မလဲ………………………………. ဒါမမဟုတ် သူကို ဒုကွိတ္တ ဖြစ်နေလို့ ရွ့မုန်း နေတာလား။

 

ဒါက ဖြစ်နိုင်သည် လို့ သူထင်သည် ဘာလို့လဲဆိုတော့ ညည ဆို သူမ ကောင်းကောင်းအိတ်မပျော် ပြီး ညလယ်လောက်ဆိုကယောင်ချောက်ခြားနှင့် လန့်လန့် နိုး နေတာကို သူ သတိထားမိသည်။ ဟိုးတညက ဆိုသူ မက အိပ်နေရင်း ကယောင် ချောက်ခြား လက်ပြတ်ကြီး လက်ပြတ်ကြီး ဟုထအော်သည်။ ဒါက သူကိုသေခြာစေသည် သူမ က သူကို မသိစိတ်က ဖြစ် ရွံ ရ်ျကြောက်နေသည်မှာ သေချာ သည်။

 

နောက် ပြီး ခေတ်ကြီး ကလည်း လွန်ခဲ့သော အနှစ် ၂၀ ကနှင့် မတူတော့ အတော်လေးပြောင်းလဲ သွားပြီ။ သူ ၀ယန်တာ ကနေမြင်မြင် နေရသော မြင်ကွင်း ရဆို ကောင်မလေးများသည် ပေါင်ထက်ဝက်လောက် သာ ရှိသော စကတ် တို ၊ အိင်္ကျီ ကထမင်း ရေလျှား စတို င်ပြီး ခေါင်းကလည်း အကြောင်အကြားနှင့် မလျှက်မကြောက် လမ်းသလားနေကြသည်။ သူ ဒီကောင်မလေး တွေ၏ မိဘတွေစား ရင်လေးမိသည်။ ဒါဆို သူ့ဧပရယ် ကကော။ သူမကလည်း ပြောင်းလဲ လာ ခဲ့ ပြီ။ အထူး သဖြင့် သူမ ကခေတ်နှင့် ညီ သိပ်လှခြင်နေသည်။

 

ဟိုတလာက တော့ သူမ ဆံပင်များ သည် ပျောင်းဖြူမွေးလိုမျီုး ဖြောင်းဆင်းလာသည်။ သူမပြောက တော့ ဒါ က ခေတ်စား နေသော ဆံပင် ဒီစိုင်း ပြီး ဈေးကြီး ပေး ပြီး တော့ ဆိုင်မှာဖြောင့်ခဲ့ ရသည်ဆိုပဲ။ ဒါပေမယ့် သိပ်မကြာ လိုက်ပါ ဖြောင့်စင်းနေသော သူမ ဆံပင်များသည် အဖျားတွင် ဘူးညွန့်ကဲ့ သို့လိမ်ကောက်လာသည် ။ မေးကြည့်တော့ အဖြောင့်တွေ ကရိုးလာ လို့ လိမ်လိုက် သည် ဆိုပဲ ။ တတ်ပဲတတ်နိုင်လွန်းသည်။ သူမက တကယ်တော့ ဆံပင် ပင်မကပါ တကိုယ်လုံး ကလည်း ခေတ်နှင့် အညီ လန်းလွမ်းလှသည်။ သေချာတာက သူမ အသက်နှင့် မလိုက် အောင် နုပျို လှပလွန်းနေသည်။ ဒါ ကို သူ သတိထားမိ သလို တခြားခြား သော ငနဲတွေလည်း သတိထားမိမှာ အမှန်ပင် ။

 

 

ဖြစ်နိုင်လျှင် သူ သူမ ကို အရုပ်စိုးဆေခြင် သည်။………………

 

ဒါဆိုသူ တယောက်သာ သူမကိုပိုင်ဆိုင် ခွင်ရှိမည်။ ခုတော့ သူ မသေချာတော့။  သူမ မှာကော တခြား အားကိုး ရမည်သူများ ရှိနေပြီလား။ တကယ်လိုရှိနေရင် ကော သူ မှာ ဟန်တား ဖို အခွင်းရေး ကောရှိလိုလား။ အမှန်တော့ သူလို ဒုက္ခိတ္တ တယောက် ကို အနှသ် ၂၀ လုံး စောင့်လျှောက် လာသော သူမကို ကျေးဇူးတင်သင့်သည်။ တကယ်လို သူ မက ထွက်သွားခြင် တယ်လို့ ပွင့်ပွင့် လင်း လင်း ဖွင့်  ဟပါက သူ က အသာတကြည် တံခါးလေးဖွင့်ပေးလိုက်မှာပါ။ ဒါပေမယ့် ဧပရယ် တိတ်တိတ်ပုန်းလုပ်ပြီး ငါကို နာကျင်အောင်တော့မလုပ်နဲ့ပေါ့ ကွာ။ ဒီလိုဆိုရင် တော့ ငါ ခွင်မလွတ်နိုင်ဘူးကွ။

 

ဒါဆို ခု မေးခွန်းက သူမ မှာတကယ်ပဲ အားကိုး ရမယ်သူ ရှိနေပြီလား ????

 

အဒါဆိုဘယ်သူလဲ…………………………..ဘယ်သူဖြစ်နိုင်မလဲ

 

သူအနီးနား က ရှိသော စာရွက် နှင် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး အလယ် မျှာ မျဉ်းကျောင်းတကျောင်းခြားလိုက်သည်။ ပြီးထိပ်မှ ဖြစ်နိုင် ချေ ရှိသော ဘက် ၊ မရှိသောဘက်ဆိုပြီး ကော်လံနှစ်ခုခွဲ ထားလိုက်သည်။ 

 

ကိုမောင်ကြီး ဆိုရင်ကော ဒီလူဆို ကော သူမ အားကိုးမယ့်သူ ဖြစ်နိုင်ချေ စားရင်းထဲထည့်ရမှာ လား။ အင်း ကိုမောင်ကြီး ဧပရယ် လုပ်သော သွားဆေးခန်း ကိုဖွင့်ထားပြီး ပိုင်ရှင်လည်း ဟုတ်သူ ဆရာဝန်လည်း ဟုတ်သူ ကိုမောင်ကြီး။ ဒီလူက အသက်တော်တော်ကြီး ပြီ ပြီး အဒီ ဆေးခန်းက စာရေး မကလည်းလည်း သူမိန်းမဆိုတော့ ဒီဘိုးကြီး လူပ်လိုတောင် ရမယ်မထင်။ဒါ ကြောင့် ဒီဘူးကြီး ကို ရဲရဲ ၀င့် ၀င့် ပင်ဖြစ်နိုင်ခြေ မရှိသော စားရင်းဘက် ရေးခြလိုက်သည်။ နောက် သူဘောပင် ထိပ်ဖြားကို ကိုက်ပြီး  တွေးနေသည်။ ပြီးဘယ်သူရှိအုန်းမလဲ။ အင်း သူတိုဆေးခန်း မှာကလည်း ဒီငနဲ ပဲ ရှိတာ ကျန်တာက စာရေးမ ရယ် ဟေမာ ရယ် သူမိန်းမ ရယ်ဒါပဲ ရှိတာ။

ဂျလွတ်  

သူ တစုံတရာကို သတိရ သွားဟန်ဖြင့် ကိုက်ထားသော ဘောပင်ကို ကောက်ဝါးလိုက်မိသည်။ ဟာ  ယောကျာင်္းတယောက် ကျန်နေ သေးတာပဲ ငါ မေ့နေတာ ပဲ။ ဟုတ်တယ် ကျန်သေးတယ်။ ခုမှမှတ်မိတယ် ဟိုးပိုင်ရှင် အဖိုးကြီး က ဆေးခန်းမထိုင်တော့ ဖူးပဲ သူ့နေရာကို သူတူ ဆိုလား ခန့်ထားလိုက်တာပါပဲ။ ဧပရယ် စကားထဲ မှာဒီလူ အကြောင်း တခွန်း စ နှစ်ခွန်း စ ပါပါလာတယ်။ ကြည့် ရတာက တော့ လူငယ်ပဲ။ ဟုတ်တော့ ဟုတ်နေ ပြီ ဒီကောင်မ ခုတလော အလုပ်သွားဖို ဒီလောက်အူ မြူနေတာ ( ဘာလို သူ ဒီကောင်မလို့  သုံးနုန်းလိုက်မိမှန်း သူကိုယ်တိုင်တောင် နားမလည်)

 

 ဒါဆို သူ ဒီလူကို ဖြစ်နိုင် ခြေ စာရင်းထဲ ရမှာလား။ ဒါ သာအမှန်    ဆို ရင်

ငါ ဘယ်လိုလုပ်မလဲ………………..

ငါ ဘယ်လိုလုပ် ရပမလဲ…………….

ငါ……………..ငါ…………………………….ငါ

 

သူ ခေါင်းတွေမူးနောက်လာသည် ။ ပြီး မျက်လုံး တွေ ဝေး၀ါလား ။ နောက် အသံတွေ ဘာသံတွေမှန်းမသိ မသဲမကွဲ သူကြားနေရသည်။ ဒါကြောင့် မျက်စိ ကို သူမိတ်ချလိုက်တာ။

 သူ့အတွေးထဲတွင်  ကြော်ငြာမင်း သမီး ထက်ထက်မိုး ဦး က  သူ့ကို ပါးစပ်ကို တွန့် ပြီး မျက်လုံး တချက်မိတ်ပြ ကာ ပါးစပ်က

( ကြွေးအုန်းမှာ )  ဘာကို ကြွေးမှန်း သူမသိ ။

ပြီး နားထဲမှာလည်း အသံတခု ပီပီ ပြင် ကြားရတယ်

(  နောင်ဘ၀မှာ မင်း နဲ့ငါ တွေမလား ခုဘ၀မင်း ငါကို မေ့ထား ……………………….ငါ ဘ၀ ရည် မှန်း ချက်  နဲ့ နင့်ကို ငါသေခန်း ပြတ်ပဲ …………………… နင့်ကိုတွေ့ ရင်လက်စား ချေမယ် ……….စောက်ကောင်မ )  သူ ဘာတွေမှန်းမသိ သီးချင်း သံလို စာသားတွေကြောင့် ခေါင်းပိုကိုက်လာသည် ။ သူ ကြမ်းပြင်ပေါ် ထူးထောက်ထိုင်ခြလိုက်သည်။

 

ပြီး သူ ပုံတခု ကိုပီပီ မြင်လာရပြန်သည် အဒါက ဧပရယ် ခုဧပရယ် မဟုတ် လွန်ခဲ့ သော ၂၀ နှစ်လောက် က ဧပရယ် ရုပ်ရှင် ရုံ လမ်းပြ လုပ်သော ဧပရယ် မြန်မာ  ထိုင်မသိမ်း အကျီ လေးနှင့် သူကို့ ပြုံး ပြ နေ ရာ နောက် ……….နောက် သူမ သွားဖြဲ ပြလိုက် ရာ ပါးစပ်ထဲ တွင် အစွယ်တွေပြည့်  နှင့် ( သူ ပြောတော့ အမှန်လေးပါတဲ့ …………… အမှေးလန် နေပြီ ) ယော်ကျားသံ ကြီးထွက်လာသည်။

သူလည်း ကြောက်လန့်တကြား ကုန်းအော်ထည့်လိုက်တော့သည်။

 

အားးးးးးးးးးးးးးးးးးးးး

 

ထိုချိန်တွင်  သူခေါ် နေသော အသံကို  ကြားနေရသည် ။

 အစ်ကို ဘာဖြစ်တာလဲ အစ်ကို မျက်လုံးဖွင့်ပါ

ဒီ အသံက တော့ ဧပရယ် အသံပါပဲ သူတွေးလိုက်သည်။ ဒါပေမယ့် ဒါက အစစ်လား ခုကလို မျီူး ဂယောက်ချောက်ခြား ဖြစ်နေတာလား။ မထူးတော့ပါဘူးကွာ ဆိုပြီး သူမျက်စိ ဖွင့်ချလိုက်သည်။

 

သူ ရှေ့ တွင် ရပ်နေ သူက ဧပရယ် အထူးသဖြင့် ယနေ့ဧပရယ် ။ သူ့ကို ထိပ်လန့်တကြားစိုက်ကြည့်ပြီး နုတ်ကလည်း

 

အစ်ကို ဘာဖြစ်နေတာ လဲ

 

ခေါင်းကိုက်နေတာပါ

သူမက မယုံကြည်ဟန်ဖြင့် မျက်မှောက် ကြုတ် ပြီး။

 

အစ်ကို မညာပါနှင့် တကယ်တန်း ကျတော့ အစ်ကိုက ကျမကို မယုံကြည်စိတ်တွေ ကြောင့် ခုလိုဖြစ်နေတာ မဟုတ်လား။ ရှင်က ကျမကို တခြား ယောင်္ကျားတွေ နဲ့ ရုပ်နေတယ်လို့ ထင်နေတယ် မဟုတ်လား

 

သူ ခပ်တည်တည် နှင့် ငြင်းချ လိုက် သည်။ မဟုတ်ပါဘူး

ဟုတ်ပါတယ် ဟုတ်ကို ဟုတ် ရမယ်။  ကျမလေ ဒီကြောင်းကို စဉ်းစားပြီး စိတ်မသက် သာလာတာနှင့် ဆေးခန်း မှာဆက်မထိုင်တော့ ပဲ စောစော ပြန်လာတာ

 

ပြီး သူမက ပဲဆက်ရ်ျ နောက် ဟေမာ ကို ဘာပြောခဲ့ သလဲသိလား

ဘာပြောခဲ့သလဲ

သူ မောင်လေး ဟိုပိုလီယိုကောင်လေးကို ဆက်ပြီး မစောက်ရှောက်ပေးနိုင်တော့ဘူးလို့။ ပြီး ကျမတွက် ရှင့်ထက် အရေးကြီး တာမှ မရှိတာ

 

သူဘာ ကြောင့်မှန်း တော့ မသိ ပါးပြင်မှ မျက် ရည် များစီးကျ လာသည်။ သူမက လည်း သူ ဘေးနားတွင် ဒူးထောက်ချပြီး ။ နောက် သူမ ပါးပြင်တွင်လည်း မျက်ရေတွင်နှင့် ။

 

ပြီး သူ တို ပြိုင်တူ ငိုနေ ကြတော့သည်။

ဆက်ရန်                                            စည်သူ

 

 

Posted on October 5th 2009 in fiction, own tune fiction

ဧပရယ် ၃

2 Comments »



ဆေးလိပ်သောက်တာ

ကျန်မားရေးထိ ခိုက်တယ်….

 

အရက်သောက်တယ်

မူးယစ် ဆေတယ်

 

ဒါပေမယ့်ကွာ ငါက

(မကောင်းမှန်း သိပေမယ့်)

ဆေးလိပ်ကိုလည်း ကြိုက်တယ်

အရက်ကိုလည်း ကြိုက်တယ်

ပြီးတော့ ………ဧပရယ် ရေ

မင်းကိုလည်း ကြိုက်တယ်

                               စည်သူ

 

 

အခန်း ၃

 

သူတို့နှစ် ယောက် တိုက်ခန်းရှေ့ဝယန်တာ တွင်ရှိသော ပက်လက်ကလတ်ထိုင် တွင် ထိုင်နေကြသည်။ ဒါပေမယ့် သူတို့နှစ်ယောက် စတွေ့တုန်းကလို တယောက်လက်ကို တယောက်ကထွေး ပိုက်ထားခြင်းတော့မရှိတော့ ဒီတိုင်းထိုင်နေခြင်းဖြစ်သည်။

 

ညနေစာ စားပြီး နောက် သူတို့ သည် တခြားသူများလို တီဗီ ကြည့်ခြင်း ၊ ရေဒီယို နားထောင်ခြင်း ပြူလေ့မရှိ ပဲ ဒီလို ၀ယန်တာ ရှေ့တွင်ထိုင်ပြီး လေညင်းခဲကာ ဟိုဟို ဒီဒီငေးလေ့ရှိကြသည်။ နေ့ဘက်ဆိုလျှင် ဒီလမ်းသည် ဖြတ်သွားဖြတ်လာ ကြသော လူသံ၊ ကားသံ၊ ဆိုက်ကားသံများ ဖြင့် ဆူညံနေသာလည်း ညဘက်က တော့ တိတ်ဆိတ် လျှက်ရှိသည်။ တံခါတလေ ဖြတ်မောင်းလာသော ကားသံ ကိုသာ သဲ့သဲ့ကြားရသည်။ သူလည်း လမ်းမပေါ် သို့ကြည့်နေရာမှ ညီးငွေ့လာပြီး  မျက်နှာချင်းဆိုင်တွင် ရှိသော လေးထပ်တိုက်ဆီသို့ အာရုံပြောင်းလိုက်သည်။ အပေါ်ဆုံးထပ် ညာဘက်ခန်း၏ ၀ယန်တာပေါ် တွင် မိန်းမ၀၀ ကြီး တယောက်နှင် ကလေးသုံးယောက် ထိုင်နေသည်။ ကြည့်ရတာ ကလေးတွေ ကိုပုံပြင် ပြောပြနေပုံရသည်။ တတိယထပ် ၀ယန်တာပေါ် တွင်တော့ အဖိုးကြီးတယောက် ပလက်ကလက်ထိုင်ပေါ် တွင်ဆေးတံမိန်းနေသည်။ူသူထိုသို့ တောင်ကြည့် မြောက်ကြည့် ငေးကောင်းနေတုန်း

ကျွန်မတို့ အညောင်း ညာပြေ လမ်းလျှောက်ကြမလားသူ သူမ မျက်နှာတွင် စိုးရိမ်စိတ်ပေါ် နေတာ သူ သတိထားမိသည်။ ဟုတ်သည် သူ သည် အပြင်ထွက်ရ တာ ကို မကြိုက်ကြောင်း သူမ သိထားရ်ျ ဒီစကားကြာင့် သူစိတ်ခု သွားမှာ ကြောက်နေပုံ။

သူ မျက်မှောင် တချက်ကြုတ်ပြီး နောက် လေသံအေးကလေး ဖြင့် ……………

အေး ကောင်းသားပဲ။ သွားကြစို့

သူမက သူတွက် လက်ရှည်အင်္ကျီ ထုတ်လာပေးသည်။ ပြီး သူ တို့ အောက်ဆင်းလမ်လျောက် ကြသည်။

 

ပထမ သူတို့ နှစ်ယောက် အသောက ဈေးဘက် ကိုလျှောက်ကြသည်။ နောက်  သူတို့မြိုပတ် လမ်းတလျှောက် ဆက်လျှောက်ကြသည်။ သူမက

ကျွန်မတို့ ရထားသံလမ်းကို ကျော်ပြီး ဟိုးဘက် ပုသိမ်ညွန်ဆိုတဲ့ ရပ်ကွက် လေးဘက်ကို သွားကြည့်ကြမလား

 သွားလေ

တကယ်တော့ ဒီပုသိမ်ညွန့်ဆိုတဲ့ ရပ်ကွက် ကလေး သည် သူကြီးပြင်းခဲသော နေရာဖြစ်သည်။ သူ မွေးစမှ အရွယ်ရောက်သည် ထိ အဒီ ၀န်းကျင်မှာ သူ ကျင်လည် ခဲ့သသည်။ သူအဖေ နှင့် အမေ သည် သန်လျှင်တဘက်ကန်း က ရွာတရွာ ဇာ တီကဖြစ်ပြီး ရန်ကုန်တွင် အခြေ ချနေထိုင်ရန် ဒီရပ်ကွက်ကို ရောက်လာခဲ့သည်။နောက် သူ အဖေကဘတ်စ် ကား ဒရိုက်ဘာ လုပ်သည်။ သူမှတ် မိသေးသည် သူ အဖေသည် တကယ့်ကို အေးအေး ဆေးဆေး သမား၊ လူကလည်း ပိန်ပိန် စကားကလည်း နည်းလွန်းလှသည်။ ည ည သူ ကာမောင်းရာက ပြန်လာလျှင် အရပ်ဖြူထုတ်လေးတထုပ်ဆွဲလာပြီး အိမ်ပြန်လာ နေကြ၊ ပြီး အမေ့ကို ရသမျှ ပိုက်ဆံအပ်ပြီး ဒေါင့်တဒေါင့်တွင်အရက် သောက်နေသည်။ ဒီလိုနှင့် သူဘ၀က ငြိမ်းချမ်းလွမ်းလှသည်။ ဒီလောက်သူတဘက်သားကိုဒုက္ခမပေးတဲ့ အဖေကိုဘာကြောင့် ကံတရားက ရက်စက်သလဲ သူခုချိန်ထိ နားမလည် ခဲ့တော့။ တနေ့သူအဖေ ကားတိုက်မူကြောင့်ကွယ်လွန်ခဲ့လေသည်။

 

မုဆိုးမ ဖြစ်သွားပေမယ့် သူအမေက စိတ်ဓာတ်ကျမသွားပဲ အိမ်ရှေမှာကုန်စုံဆိုင်လေးဖွင့် ပြီး သူတို မောင်နှစ်မကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ပြီး အမေက တောသူဖြစ်ပေမယ့် သွက်လက်ချက်ခြာပြီး အပေါင်းသင်းဝင်ဆံ့သူလည်းဖြစ်သည်။ ရုတ်တရက် သူခေါင်းထဲမှာ အကြောင်းရာတခု ပေါ်လာသည် ။ ဧပရယ်ဘက်လှည့်ပြီး

မင်း မင်းအလုပ်လုပ်ခဲ့တဲ ရုပ်ရှင်က မန်နေဂျာ ကိုလှ ကို သတိရသေးလား

ရပါတယ်  ကျွန်မ နှင် ရှင့် အကြောင်းကို အမြဲ စပ်စပ်စုစု လုပ်သားမမေးနဲ့

အေး ဟုတ်သားပဲ ဒီလူ မင်းနဲငါ ရုံရဲနောက်ဆုံးခုံမှာ ထိုင် နေပြီ ဆိုလာလာခြောင်း နေတာ ။ တော်တော်ဆိုးတဲ့ လူကြီး

ဒါနဲ စကားမစပ် မင်းမိဘတွေကော နေကောင်းကြရဲလားမသိဘူးနော်

သူမက အေးဆက်ဆက်ပင် ကောင်းကြမှာပဲ

သူသိသည် တကယ်တော့ သူမ မိဘတွေသည် သူမ အပေါ် တွင် သိပ်မကောင်းလှ သူမအဖေ ဆို တခါတလေ မူးလာပြီဆိုလျှင် သူမကို ရိုက်သည်။ အဒီတုန်းက သူမ မျက်နှာတွင် အရိုး ရာတွေကို သူ မမြင်ခြင်မှအဆုံးဖြစ်ခဲ့သည်။ သူမ အမေက လည်း သူမကို ငွေကြေးချမ်းသာသော လူကုံထံတရုပ်ကြီး တယောက်နှင့်ပေးစားဖို ကြံနေသည်။ တကယ်တော့ မယား ငယ် သာဖြစ်မည်။ အဒါကြောင့် သူမ ကို လက်လွတ်မဆုံးရုံး ရန် သူမအမေ ထံတရက်တွင်လက်ထပ်ခွင့် တောင်းခဲ့သည်။ အမှန်တော့ သူမမိဘတွေက သိပ်တော့ သဘောမတူခြင် သိုပေမယ့် သူက သူမကို ရန်ကုန် ကိုခေါ်သွားပြီး တင့်တောင့်တင့်တယ်ထားမည် ဆိုရ်ျသာ နောက်ဆုံးသဘောတူခဲ့သည်။

 

ခုတော့ သူပြန်စဉ်းစားမိသည် သူတကယ်ပဲ သူမကို တင့်တောင့်တင့်တယ် ထားနိုင်ခဲ့ ရဲလား ။ မထားနိုင်ပါ။ သူမတကယ်ပဲ သူနှင့် ယူခဲ့ရ်ျ ဆင်းရဲခဲ့ရသည်။ အဆိုးဆုံးက သူလို ဒုက္ခိတနှင့် အတူနေပြီး သူကို ပြန်ရှာ ကျွေးနေရပြီ။ သူမသာ တကယ်လို ဟိုတရုပ်နှင့်သာ ယူခဲလျှင် သူမဘ၀ ဒီလို ခံစားရမည် မဟုတ်။ သူ နာနာကျင်ကျင် တွေးမိသည် သူမကော တကယ်ပဲ သူကို ယူမိရ်ျ

 

နောင်တရနေသလား………………….

 

ရုပ်တရက် သူ ရထား ဥသြောသံကြောင့် သူ အတွေးဖြတ်လိုက်သည်။ နောက်ဘေးဘီကို ၀ဲ ကြည့်လိက်ရာ ဟုတ်သားပဲ ခု သူ ရထားသံလမ်းကို ဖြတ်ကူးနေခြင်းဖြစ်သည်။ သူနေခဲ့သော ပုသိမ်ညွန်က အရင်တိုင်း သိပ်မပြောင်းလဲ လျှစ်စီးမီး ပြတ်တောက်နေသောကြောင့် တရက်ကွပ်လုံးမှောင် မဲနေသောကြောင့် သူလည်း ဆက်လက် မသွားလိုတော့ ပဲ ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်သည်။

တော်ပြီ ကွာ အိမ်ပြန်ကျစို့

သူ တို့ ခပ်သုတ်သုတ် အိမ်သို့ ပြန်လာခဲ့သည်။ လမ်းတလျှောက် လုံး သူတို ဘာစကားမျှမပြောဖြစ် တိတ်ဆိတ်နေသည်။ အလိုနှင့် နောက်ဆုံး သူတို့ နေသော တိုက်ခန်းသို့ပြန်ရောက်လာသည်။

သူလည်း အ၀တ်စား လှဲနေခိုက် ဧပရယ်က သူတို့အိတ် ဖို့ အိတ်ယာ ခင်းနေသည်။ ပြီး သူ ခင်းထားသော အိတ်ယာ ပေါ်သို့လှဲချလိုက်သည်။ဧပရယ် ကသူနံဘေးတွင် ကျုံ့ကျုံ့ လေး ၀င်အိတ်သည်။ နောက်သူရင်ဘတ်ထဲတွင် သူမမျက်နှာ ကို တင်ရ်ျမှီနေသည်။ ပြီး သူ သူမကို ဖက်ထားလိုက်သည်။ အမှန်တော့ သူတို အိမ်ထောက်သက်နှစ် ၂၀ လောက်ရှိ ပေမယ့် ကလေးတယောက်မှမရခဲ့။ တနေ့ဧပရယ်က ညိုးငယ်သော မျက်နှာဖြင့်သူကို ပြောသည်။ ကျွန်မ ကချို့ယွင်း နေလို့ကလေးမရတာလားမ သိဘူးနော်။ တကယ်က သူမ ချိုယွင်းတာ ဖြစ်ခြင် ဖြစ်မှာ ပါ ဟုထင်သည်။ ဘာကြောင့်ဆိုတော့ သူက လက်နှစ်ဘက်ဆုံးရုံးခဲ့သော ဒုက္ခိတ္တဆိုတော့ ဟိုးမုန်းတွေ ဆုံးရုံးသွားတာ ကော မဖြစ်နိုင်ဘူးလား။ ဧပရယ် ကောသူလိုမတွေးမိဘူးလား …………အင်းလေ တွေးမိကောင်းတွေးမိလိမ့်မည် သူစိတ်ဆင်းရဲနေ မှာဆိုးရ်ျသာ မပြောခြင်းဖြစ်မည်။ တကယ်တော့ ဧပရယ် သားသမီးသိပ်လိုခြင်သူဖြစ်သည်။

နောက် တော့ သူ အိတ်ပျော်သွားသည်။

 

သူ မီးဖိုပေါ် ရှိ နှက်ထားသော ကော်ဖီ နုံ့ သင်းသင်း လေး ကြောင့် မျက်လုံးဖွင့် ကြည့်လိုက်သည်။ ပြီး ချိတ်ထားသော နာရီ ရှိရာသို့ကြည့်လိုက်တော့ ၇ ခွဲ နေပြီ။ ဟုတ်သည် မနက်တိုင်း ဧပရယ် က ၆ နာရီဆို အမြဲတိုင်းထရ်ျ မနက်စာပြင်သည်။ ပြီးသူကို နိုးသည် နောက်သူတို့ မနက်စာစားကြသည်။ သိုပေမယ့် သူ မနိုးပဲ နိုးနေသည်။ သူ မထသေးပဲ ဆက်မှိန်းနေလိုက် သည်။ သူမှ အရင်တုန်းက လည်း ဒီလို အကြာကြီး မှိန်း နေခဲ့ ရသော အချိန်ရှိခဲ့ဖူးသည်။ သူ ဗုံးမှန် ပြီး ဆေးရုံတက် ရတုန်း ကပေါ့။ အဒီတုန်း ကသူတကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အိပ်မပျော် ပဲ ဒီလိုမှိန်းနေခဲ့ဖူးသည် မဟုတ်ပါလော။ အဒီတုန်းက ဧပရယ်က ပဲနေ့မအား ညမနား သူကို ပြုစုခဲ့ရသည်။ အဒီတုန်းက သူမှာ အကြီးမားဆုံးပြသနာက  လက်တု တတ်ရတာ အဆင်မပြေ တာပဲ။ ဒေါက်တာသန်းအောင်က သူ့ကို အဒီ ခေတ်အကောင်းတကာ့ အကောင်းစုံး လက်တု မျီုး စုံ သူကို စမ်းသုံး ကြည့်ပင်မယ့် အံ့မ၀င်လှ ဒါကြောင့် သူ နောက်ဆုံး မှီးညပ်ပုံစံ ဂျိတ်နှစ်ချောင်း သာ ပါသော ပုံတုံးလက်တုကိုသာ သုံးစွဲခဲ့သည်။

 

အကို ထတော့ လေ ဂ နာရီထိုးတော့မယ်သူအတွေးပျက်သွားသည်။  နောက်မျက်လုံးဖွင့်လိုက်သည်။ဧပရယ် ကတော့ အလုပ်သွား ဖို့ ပြင်ဆင်ပြီးနေပြီ။ မနက်စာစားဖိုသူ ကိုစောင့်နေသည်။ ဒါကြောင့်  သူထပြီး ရေချိုးခန်း တွင် မျက်နှာသွားသစ်သည်။ပြီး သူ မနက်စာပြင်ထားသော စားပွဲဝိုင်း သို့ဝင်ထိုက်လိုက်သည်။ ထမင်းကြော် နှင့် ကော်ဖီ ဖြစ်သည်။ သူက ကော်ဖီ ဆွဲနေသူ ဖြစ်သော ကြောင့်တနေ့ကို ကော်ဖီ ၃ ခွက် လောက်ကို သောက်ရမှကျေနပ်သူဖြစ်သည်။ သိုပေမယ့် ခုတလော သူ ခေါင်းကိုက် ကိုက်နေသောကြောင့် ကော်ဖီ လျှော့ ခိုင်း ရှ်ျ သူ မနက်ခင်းကော်ဖီပဲသောက်ရတော့သည်။ ထိုသို့ သူ မနက်စာကို အရသာ ခံနေစဉ်

ညက ကောင်းကောင်း အိတ်ပျော်ရဲ့လားသူမက မေးသည်။

အင်းတချိုးထဲပဲ

အပေါ့ ပါးကောထသွားသေးလား

အင်း

ဟုတ်လား ကျမတောင်မသိလိုက်ဘူး

ဒါနဲ မင်း ညနေစာ ဘာဟင်း နဲ့ စားမလဲ ငါ ဒီနေ့ ဈေး ဆင်းဝယ်မလို့

တကယ်တော့ သူ အပြင်မထွက်ခြင်း သိုပေမယ့် လည်း သူ အိမ်တွင်းနေလျှင် အတွေးတွေက သူ့ကိုခြောက်လှန့် နေသည်။

အင်း အဒါဆိုလဲလေ ကြက်အသဲမြစ် ၀ယ်လေ ကြက်အသဲမြစ်ဟင်း စားခြင်တယ်

သူ ဘာကြောင့်လည်း မသိ ရုပ်တရက်ပျော်သလို ခံစားလာရသည်။ ဖြစ်နိုင်တာက ဒီမနက်က သိပ်သာယာလွမ်းလိုဖြစ်မယ် ။ကြည့်ပါလား ကောင်ကင်ကြီးကလည်း တိမ်ကင်းစင်နေသလို လေနုအေးလေတွေကလည်း တိုက်ခတ်နေသည်။ နောက် ဧပရယ်ကလည်း ပါတိတ်စင် ပန်းရောင်ဝမ်းဆက်နှင့် ကြည့်ကောင်းလွန်းလှသည်။ သူ စိတ်မထိန်းနိုင်တော့

ဧပရယ် မင်းကိုချစ်တယ်ကွာ  သူမက သွားလေးပေါ် အောင် ပြုံးသွားပြီး

ကျမလည်း ရှင်ကိုချစ်ပါတယ်  သူတကယ်တော့ အဒီအပြောနဲပဲတဘ၀လုံး ကျဆုံးနေခဲ့တာမဟုတ်ပါလော။ဧပရယ် ဒါဟာ ညာနေတယ်ဆိုရင်တောင် အဒီအညာ စကားကို ငါကျေနပ်တယ်ကွာ။နောက်

ဒီနေ့မင်းကို ငါ ကားဂိတ်ထိလုက်ပို့မယ်လေ ပြီး ငါလည်း ဈေးဆက်ဝယ်လိုက်မှာပေါ့ ။ မကောင့်းဘူးလား

 ရပါတယ် ဒါပေမယ့် ကျမက ဒုတိယ်ထပ် အခန်းကို ခဏ၀င်ရအုန်းမယ်သူ မျက်မှောင်ကြုတ်သွားသည်ကို သူမမြင်သွား ရ်ျ လားမသိ စကားရပ်သွားသည်။ပြီး မှပြန်ဆက်သည်။

ဟိုလေ ဟေမာ ရဲ့ မောင် လင်းဟန် ဆီကို ခဏ၀င်ပြီး သူအမကို ဘာမှာ အုန်းမလဲ ၀င်မေးပေးရအုန်းမယ် အဒါ

သူဘာမှ ပြန်မပြော တော့ ကော်ဖီကိုတကြိုက်ထဲ သောက်ချလိုက်ပြီး ။ ပန်းချီဆွဲထိုင်ခုံတွင်သွားထိုင်လိုက်ပြီး ယနေ့ထုတ်သတင်းစာကို ကောက်ဖတ်နေလိုက်တော့သည်။

စိတ်ဆိုးသွားတာလား

မဟုတ်ပါဘူး

မကျေနပ် ဖြစ်နေတာလား

ဘာမှမဖြစ်ပါဘူးကွာ

ဟေမာ မောင်ဆီကို ခဏပဲ ၀င်ရမှာပါ ရှင် အပြင်က ခဏပဲစောင့်နေရမှာ

မင်းလုပ်စရာ ရှိတာ လုပ်ပါ ငါလိုက်မပို့တော့ဘူး နောက်မှပဲ ဈေးဆင်းဝယ်တော့မယ် လုပ်ပါ

သူမက သက်ပြင်း တချက်ချလိုက်ပြီးနောက်

ရှင် စိတ်ကသိကအောက်ဖြစ်တယ်ဆိုရင် လင်းဟန်ဆီ ကိုမ၀င်တော့ပါဘူး နော်

လုပ်ပါ လုပ်စရာရှိတာ ငါဘာမှမဖြစ်ပါဘူး

တကယ်နော်

 

သူ အားယူပြုံးလိုက်ပြီး။

တကယ်ပါကွာ

ဒီလို နှင် သူမ ထွက်သွားသည်။

သူ …………………..သူ တယောက်ထဲ အခန်းထဲမှာ ကျန်ရစ်၊ အတွေးပေါင်းများစွာ ကတစ္ဆေလို ခြောက်လှန့်လှက် ။ ပြီး သူခေါင်းကိုက်လာတော့ သည်။

                                                       ဆက်ရန်                                                     စည်သူ

Posted on September 25th 2009 in fiction, own tune fiction

ဧပရယ် ၂

No Comments »


အချစ်ဆိုတာ

ဘောလုံးပွဲနှင့်မတူတာ တော့

သေချာတယ်

အဆင်မပြေဘူးဆိုရင်

လူစားထိုးဖိုး မှ မလွယ်တာ

  

               စည်သူ

 

အခန်း ၂

 

တကယ်တန်း တွေးကြည့်လိုက်ရင် သူတို၏ သည် တခြား သော အိပ်များ နှင် ပြောင်းပြန် ဆိုလိုတာက တခြားသော အိမ် များတွင်ယောကျာင်္းက အလုပ်သွားရ်ျ မိန်းမက အိပ်မူကီစ္စဆောင်ရွက်သည်။ သူတိုကျတော့ မိန်းမက အလုပ်လုပ်သည်။ ဟုတ်သည် ဧပရယ်ကသာ မိုးရွာရွာနေပူပူ အလုပ်သို့ မနက်တိုင်း သွားသည်။ တကယ်တော့ သူ သူမ ဘယ်လို သွားဆေးခန်းတွင် လူနာတွေ နှင်ဘယ်လိုဆက်ဆံသလဲ ၊ ဘယ်လိုလုပ်ဖော်ကိုင်ဖက်သူမမှာ ရှိသလဲ သူ မသိနိုင်။ သူတွက် ဒါတွေဟာ လုံး ၀ တစိမ်း တရန်သာ။

 

သူ သူမကို မနာလို မဖြစ်မိသော်လည်း မနက် မနက်သူမအလုပ်သွားတိုင်း သူမထွက်သွားသော လမ်းတလျှောက် ကို ၀ယန်တာပေါ် မှမျက်စိတဆုံးကြည့် ရင်း သူနှလုံးသား က နာကျင်သလိုခံစားရသည်။အဒီ နောက်တနေ့ခင်းလုံး ပန်ချီ ဆွဲ ထိုင်ခုံပေါ် တွင်ထိုင်ရ်ျ သူ သူမအကြောင်း ရှေဟောင်းနှောင်းဖြစ်တွေ တွေးနေမိသည်။ အထူးသဖြင့် သူမ နှင့် အတူ ပျော်ခဲ့တဲ့ အချိန်လေးတွေပေါ့။

 

သူ သူမနှင့် လက်ထပ်တော့ မည် ဟု သူအမကို ပြောသော အခါ သူအမေက ကျောင်းမြောင်းတ၀ိုက် လှည့်လည်ပြီး သူတိုတွက် ငှားနေဖို အခန်းလိုက်ရှာ ပေးသည်။ နောက်ဆုံး တော့ သူ့အမေ ကုစ္ဆာသယ လမ်းရှိ ဟောင်းနွမ်း သော ၅ ထပ်တိုက် တွင် အခန်း ရှာတွေ့ခဲ့ သည်။ သူတို မတိုင်ခင် နေသွား သော အခန်းငှား သည် အဘွားကြီးတဦးသာဖြစ်သည်။ နောက်ဆုံး အဒီ အဘွားကြီးသည် အခန်းမှာပင် ကွယ်လွန်သွားသည်။ သူတို့ ဇနီးမောင်နှံသည် ဒီ အခန်း ကိုစရောက် စက တော်တော် စိတ်ပျက်သွားသည်။ တခန်းလုံးလည်း ရှုပ်ပွ နေပြီး ညစ်ပတ်နံဆော် နေသည် ။ နရံတွေမှာ လည်းဘုရားပုံတော် ပိုစတာ အဟောင်းတွေကလည်း ဟိုတစဒီတစ။ သူတိုနှစ်အောက် ဒီအခန်းကို သုံးရပ်လောက်ရှင်းယူခဲ့ရတော့သည်။

 

အင်း အဒီတုန်း က သူတို တိုက်ခန်း လေးက နေချင်စဖွယ်ပင် ၊ တလောကလုံးက နေရောင်တောက်ပ ရ်ျ ကောင်းကင် တခုလုံးက တိမ်ကင်းစင် ရ်ျ ပြာအရောင်လွမ်းနေခဲ့သည်။ သူမှတ်မိသေးသည် မိုးသည်းထစ်ချုန်းရွာ ရ်ျ လျှစ်စီးလက်သောည တစ်ညကိုပေါ့။ အဒီ တုန်းက ဧပရယ် ကကြောက်လွန်းလို့ သူ အနားကိုမှီ ရ်ျသူကို ပွေဖက်ထားခဲ့တာ ၊ သူက သူမကို အကြောက်ပြေစေရန် သီချင်း ဆိုရ်ျ သိပ်ပေးခဲ့တာတွေပေါ့။ အော် သတိရသေးတယ် အတိတ်ရယ် ။

 

သူ တိုနှစ်ယောက်ဖို တိုက်ခန်းသို ပြောင်းရွေလာပေမယ့် အိမ်တွင်း ပရီဘောဂ ဟုရ်ျ မယ်မယ်ရရမရှိခဲ့ကြ ကုထင်တလုံး၊         အ၀တ်ထည့်သောဘီရိုတလုံး နှင့် အဟောင်းဆိုင်က ၀ယ်ထားသော တပတ်ရစ် ထမင်း စားပွဲ နှင့် ကုလားထိုင်နှစ်လုံး ဒါပဲရှိသည်။

အဒီ တုန်းက သူက မင်္ဂလာ ဒုန် တပ်ရင်းတခု က ဗိုလ် ပေါက်စ တယောက်။ ဧပရယ်က သွားဆေးကျောင်း ပြီးစ သူ သူမကို အလုပ်လုပ်ဖို့ခွင့်မပြုခဲ့။  အကြောင်းက သူ သူမကို အိမ်မှာပဲနေပြီ သူအလုပ် ပြန်လာကို ပြတင်းပေါက် ထွက်မျော်နေစေခြင်တင်တဲ့အတွက်ကြောင့် ပေါ့။ အဒီချိန်တုန်းက သူမင်္ဂလာဒုန်က သူတပ်ရင်းကနေ သူ သူမ တနေ့တာ လုပ်မည် အလုပ်တွေကို စိတ်မှန်းဖြင့် မှန်းဆကြည့်နေမိသည်။

အင်းခုချိန်လောက်ဆို သူမ ညနေစာ ဟင်းချက်ဖို့ ခြင်းတောင်းလေကိုဆွဲပြီး တလမ်းကြော်က အသောကဈေးမှာ ဈေး ၀ယ်နေလောက်ပြီစသည် စသည်……………..

ဧပရယ်ကြောင်းဒီလိုတွေးနေရတာ သူ ပျော်သည် ။  ဧပရယ်ကြောင့် သူ ဘ၀အဓိပ္ပာယ်ရှိနေခဲ့သည်။ တခါတလေကြ သူ သူမကို သူ တပ်ရင်းရှိရာ မင်္ဂလာဒုန်သို အလည်ခေါ် သည်။ အမှန် တော့ သူမှာ ဒီလောက် လှပသော ဇနီးချော ဆရာဝန်လောင်းလေး ရှိကြောင်း တပ်ရင်းရှိ သူလုပ်ဖော်ကိုင်ဖက်များကို ကြွားခြင်သော ကြောင့်ဖြစ်သည်။

 

သူ့ အားလပ်ရက်များ တွင် သူတိုဇနီးမှောင်နှံ နှစ်ယောက်သည် ရန်ကုန်မြို့နှံ့လျှောက်လည်ကြသည်။ တခါတရံ ရွေတိဂုံ ဘုရားကုန်းတော်ပေါ်သို့တက်ရ်ျ ဘုရားဖူးကြသည် ၊ တခါတလေကြတော့ နေပြည်တော် ၊ ရှေ့ဆောင် ရုပ်ရှင် ရုံများတွင် တင်သောရုပ်ရှင်များကိုကြည့်သည်။ နောက် သာယာ သော ညနေဆောင်းများတွင် သူတိုနှစ်ယောက် အင်ယားကန်ဆောင်း က ခုံတန်းလေး တွင်ထိုင်ပြီး ကန်တွင်း ရွက်လွင့်နေသော ရွက်လှေလေးများကို ငေးကြသည်။ လျှောက်လည်ရတာ ညီးငွေ့လာပြီဆိုရင် တော့ သူ အမေဆီသို့ သူတို့ သွား လည်ကြသည်။ သူ အမေက ကျောက်မြောင်း ရပ်ကွက် နှင့် ရထားသံလမ်းသာခြားသော ပုသိမ်ညွန်မှာ နေသည်။  သူတို သူအမေအိမ်ရောက်တိုင်း သူညီမ ကို အိမ်မှာဘယ်တော့မှမတွေ့ အပေါင်းသင်းတွေနှင့် အပြင်မှာခြည်းပဲ။ သူ အမေက သူညီမ မတော်တရော် တွေမှာစိုးရိမ်ကြောင်း သူတိုလာတိုင်း  မျက်ရည်ဆက်လက်နှင့်ပြောသည်။

 

အော် အနှစ်၂၀တောင် ကြာသွားခဲ့ပြီ ခုတော့ ဒါတွေအားလုံး ကအတိတ် တွေဖြစ်ကုန်ပြီ။ ဖြစ်နိုင်ရင်သူအတိတ် ထဲမှာပဲ တသက်လုံးနေသွားခြင်သည်။ သူ ကံတရား ရဲ ဆန်းကြယ်မူကို မယုံကြည်နိုင်တော့။ ခုကြည့်လေ သူအမေ အမြဲတန်း စိတ်ပူ နေသော သူညီမက ခုတော့ လင်ကောင်းသားကောင်း ရပြီး ကလေးသုံးယောက်တောင်ရရ်ျ စိုစိုပြေပြေ။ သူ့ကျတော့ကော……..သူသက်ပြင်းချမိလိုက်သည်။

 

ခုတော့သူသူမ ပြန်အလာကို စောင့်နေရပြီ။ သူကျန်နေ တဲ့ သူဘ၀တလျှောက် လုံး ဒီလိုပဲ သူမ ပြန်လာ ကို စောင့်နေရအုန်း မှာ ပဲ၊ ဘာပဲဖြစ်ဖြစ် သူမှာ သူမရှိ နေသေးတဲ့တွက်တော်သေးသည်။ ဒီလိုနဲ့ သူ ဘ၀ဆက်လျှက်ရှင် သန်နေသည် မဟုတ်ပါလော။

 

ဧပရယ်ကို သူစောင့်နေခဲ့သည် မှာ ခုမှမဟုတ် သူမနှင့်သူ စတွေ့စတုန်းကလည်း ဒီလိုပဲ သူ စောင့်နေခဲ့ရသသည်။ စောင့်နေခဲ့ရသည့်နေရာက တောင်ကြီးမြို့ ၏ ရုပ်ရှင် ရုံတခု တွင်ဖြစ်သည်။  သူခု ထိမြင်ရောင်နေသေးသည် သူမကို ပထဆုံး တွေမြင်ခဲ့သည့်ုမြင်ကွင်းကို ၊ သူ အဒီတုန်းက စစ်တက္ကသိုလ်က ဆင်းခါစ ပထဆုံး ဗိုလ် ဘ၀ဖြစ်တာဝန် ထမ်းဆောင် ရသောနေရာကတောင်ကြီးမြိုနားက တပ်ရင်းတခုတွင်ဖြစ်သည်။အလိုနှင့် တနေ့ သူ  ပျင်းပျင်းရိရိ နှင့် တောင်ကြီး မြိုမ ဈေးနား ရှိ ရုပ်ရှင် တွင် ရုပ်ရှင်ဝင်ကြည့်သည်။ သူ အရောက်နောက်ကျသည့် တွက် သူ နောက်ဆုံးခုံတန်းတွင်သာ နေရာရသည်။ ရုံတခုလုံးကလည်း မှောင်မည်းနေသည့်တွက် ရုံတွင်းရှိ  အရာအားလုံး ကမသဲကွဲပေ။  နောက် ရုပ်ရှင်စပြရ်ျ ရုပ်ရှင် က ထွက်သော အလင်းရောင်ဖြင့် သူ ဘေးဘီသို့ကြည့်မိသော ခါ သူနဘေးတွင်ကောင်မလေးတယောက် နက်မှောင်သော ဆံပင်ရှည် များက ပခုံးထက်တွင် ၀ဲကြနေပြီး မျက်လုံးတွေ ၀ိုင်းဝိုင်း ဆက်နှင့် နှာတံမှာ ဖြောင့်ဆင်းနေသည်။ သူ ကြက်သေသေသွားသည် သူမသည် သူငယ်ငယ်တုန်းက ကြည့်ဖူးခဲ့သော ကာတွန်း ကားထဲ ကစင်ဒရဲလားမင်းသမီးလေးလိုပဲလှရက်နိုင်လွန်းသည်။ သူ ရုပ်ရှင်ကို စိတ်ဝင်မစားတော့ သူမကို သာစိုက်ကြည့်နေမိသည်။ ထူးခြားသည်က သူမ၏ လက်ထဲတွင် လက်နှိတ်ဓာတ်မီး အကြီးကို ကိုင်ထထားသည်။ နောက်ကျမှ  လာသော ရုပ်ရှင် ကြည့်မည့်သူများရောက်လာလျှင် သူမက ထိုင်နေရာမှ ထရ်ျ လက်နှိတ်ဓာတ်မီးကို ဖွင့်ပြီး  ထိုင်မည့်နေရာကိုလိုက်ပြပေးသည်။ မှန်သည် သူမသည် ရုပ်ရှင်ရုံတွင်း လမ်းပြပေးသူ ဖြစ်သည်။

 

ဒီလိုနှင့် သူ အားလပ်ရပ် ရတိုင်း ရုပ်ရှင်ရုံသို ခြည်း သွားသွားတတ်သည်။ ပြီး သူမကို ထိုင်ထိုင်ကြည့်နေမိသည်။ သူမ သူတွက်တော့ အိပ်မက်နတ်သမီးဖြစ်လာ ပေပြီ။  နောက်သူ ထိုအိပ်မက်နတ်သမီးကို ပိုင်ဆိုင်ခြင်လာ သော စိတ်ကို မထိန်းချုပ်နိုင်ခဲ့ ဒါကြောင့် တနေ့ သူ ရုပ်ရှင် ပြီးတော့ သူမပြန်သေး ပဲ သူမထွက်လာကို အပြင်ဘက်က စောင့်နေခဲ့သည်။ သူ စိတ်လူပ်ရှား လွန်းခြင်းကြောင့် လက်ဖျား အေးစက်နေသည်။ နောက် ဆေးလိပ်တွေ တလိပ်ပြီး တလိပ်ဖွာ နေမိသည်။ မကြာမီ သူမ ထွက်လာသည် ဆွယ်တာ အနွေးထည် ပန်းရောင်ကလေးနှင့် ထမီပြာလေးဖြင့် တမျီူးကြည့်ကောင်းလွန်းလှသည်။ သူအိပ်မက် ထဲထိအောင် ဆွဲလမ်းခဲ့ သော သူမဆံပင်ရှည်လေးသည် လေတိုးရ်ျ ရိမ်းနွဲ့နေသည်။ သူ သူမနောက် ကနေ ထချက်မကွာ လိုက်ခဲ့သည်။ လမ်းတ၀က်လောက်ရောက်သောခါ သူမက နောက်သို့လှည့် ကြီး သူကိုပြုံး ပြသည်။ နုတ်မှလည်း

အော် ရှင်ကိုး။ သူ လည်းရှက်ကိုး ရှက်ကန်း ဖြစ်သွားပြီး ။

မင်းငါ့ကို သိလိုလား

သိတာပေါ့ရှင် ရုပ်ရှင် ရုံထဲလာပြီး ရုပ်ရှင်မကြည့် ပဲ ကျွန်မကိုစိုက်စိုက်ကြည့်နေတဲ့ မုန်းစရာကောင်းတဲ့ လူကြီးကို ဟွန်း။ ကဲပါမထူးတော့ပါဘူး အိမ်ထိလိုက်ခဲ့တော့ ရှင့်ကို တောင်ကြီးမြို့ရဲ့အကောင်းဆုံးရှမ်းခေါက်ဆွဲနှင့် ဧည့်ခံမှာပါ

 

ဒါနှင့် သူ လည်း သူမ နေသော အိမ်သို့ရောက်ဖူးခဲ့သည် ။ သူမအိမ်သည် အိမ်ဟုသာ ဆိုရမည်တကယ်တော့ တဲသာသာ အိမ်ရှေ့တွင်လည်း ရှမ်းခေါက်ဆွဲ ဆိုင်သေးသေး လေကို ဖွင့်ထားသည်။ နောက်သူကို သူမ အမေနှင့် မိတ်ဆက်ပေးသည် သူမ အမေသည် အသက် ၄၀ ကျော် လောက်ရှိမည် ထင် ခန္စာကိုယ် ကတော့ ခပ်၀၀ ဖြစ်ရ်ျ ရှမ်းခေါက်ဆွဲရောင်းသည်။ နောက် အိမ်တွင်း သိုခေါ် ပြီး သူအဖေနှင့်လည်း မိတ်ဆက်ပေးသည် သူမ အပြောရဆိုလျှင် သူအဖေသည် ရုံးစာရေးတယောက်ဖြစ်ခဲ့ပြီး ကျန်းမာရေးကြောင့် ဆေးပင်စင် ယူထားသူဖြစ်သည်။ သူ မအဖေသည် သူထင်အသက်၅၀ ကျော်လာ သာ ရှိပြီး ပိန်လွန်းလှသည် ဘေးနာတွင်းလည်း ပုလင်တလုံးနှင့် အရက်ပုလင်းဖြစ်မည်ထင် သူသက်ပြင်းချလိုက်မိသည် သူမ ဘ၀သည်ကြမ်းတမ်းလွန်းလှပေသည်။

ဒီလိုဖြင့် သူ သူမကို အပတ်တိုင်း ရုပ်ရှင် ရှေ့တွင်သွားသွား ကြိုပြီး အိမ်ပြန်ပို့ပေး ခဲ့သည်။ ဒီလိုနှင့် သူမနှင့် သူ တစစ ရင်းနှီးမူခိုင်မာလာသည်။ နောက်သူတိုချစ်သူ တွေဖြစ်လာကြသည်။ သူမ သူမအကြောင်းတွေကို သူ့ကို ပြောပြလာသည်။ တကယ်တော့ သူမ သည်မန္ဆလေး သွားဆေးတ္တသိုလ်တွင် တက်နေရာမှကျောင်းပိတ်သော ကြောင့် အိမ်ကို ခဏပြန်လာပြီး ရုပ်ရှင်ရုံတွင်း အချိန်ပိုင်းလုပ်နေတဲ့ကြောင်း စသည်ဖြင့် ပြောပြခဲ့သည်။ တလလောက်ကြာသောခါ သူလည်းရန်ကုန် သို့တပ်ပြောင်းခွင့်ရပြီး သူ တပ်မပြောင်းခင်သူမကို သူမမိဘတွေ ထံမှလက်ထပ်ခွင့်တောင်းခဲ့လေတော့သည်။ ဒီလိုနှင့် သူမ သူဇနီးဖြစ်လာခဲ့သည်။

 

သူမ တကယ်ပဲ ဒီနှစ်တွေ မှာ သူဇနီးအနေဖြင့် တကယ်ပဲပျော်ရွင်ခဲ့ ရဲ့လား။ သူမတကယ်ပဲပျော် လိမ့်မယ်လို သူ ထင်မထားခဲ့ အဒိအတွေးက သူကို ခုတလောခြောက်လှန့်နေခဲ့တော့သည်။ ဒေါက်တာ သန်းအောင် မှန်းဆချက်မှန်လောက်သည် သူ ခံစားနေရသော ခေါင်းကိုက် ရောဂါသည် စိတ်ဝေဒနာကြောင့် ဖြစ်နိုင်လောက်သည်။ သူအတွေးကောင်းနေတုန်း မီးဖိုးပေါ်တွင်နွေးထားသော သီးစုံခြင်ရည် ဟင်းက တူး နံ့ထွက်လာ ရ်ျ အတွေးဆကို ဖြတ်ရ်ျ မီးသွား ပိတ်လိုက်သည်။နောက် ကြက်ဥ သုံးလုံး ကို ခလောက်ပြီး ကြက်ဥ မွေကြော်လုပ်လိုက်သည်။ အင်းဒီလောက်ဆို သူတိုနှစ်ယောက် ညနေစာတွက် လုံလောက် ပြီ။ ပြီး သူ အိမ်ရှေ့က စားပွဲပေါ် တွင်သူ နှစ်ယောက်စာ ထမင်း ပွဲတည်ခင်းလိုက်သည်။

 

ဟော ညနေ ၆ နာရိတောင်ထိုးတော့မယ် ခုလောက်ဆိုသူမ အိမ်ကိုရောက်သင့်ပြီ။ သူ လည်း စိတ်ဆော စွာဖြင့် ၀ယန်တာ ဘက်ကိုထွက် ပြီး သူမကို မျော် မိသည်။ သူ အစိုးရီမ် စုံးကတော့ တနေ့သူမ ဒီလို ထွက်သွားပြီး အိမ်ကို ပြန်မလာတော့မှာ ကိုဖြစ်သည်။  သူမ သူကိုထားသွားမည်ကို သူတကယ်ပဲ ကြေက်လန့်နေမိသည်။ သူဖြစ်တည်ဖို့ သူမကို လိုအပ်သည်။သူလက်နှစ်ဖက်ပြတ်ပြီး လက်အတုနှင့် နေရသော ဒုက္ခိတ တယောက်မို့ သူမကိုလိုအပ်ခြင်းမဟုတ်ပါ။ သူမ သာ မရှိလျှင်သူဘ၀လည်း အဓိပ္ပာယ်မဲ့ သွားမည်မှာ အသေချာပင်ဖြစ်သည်။

 

ဧကဏ သူလုပ်ဖော်ကိုင်ဖက် ဟေမာ ကသူကို တခုခု ခိုင်းလိုက်လို့ လုပ်ပေးနေရလို့ကြာနေတာဖြစ်မယ်။ ဧပရယ် သည် အားနာတတ် သူ ဖြစ်ရ်ျ သူ့သူငယ်ချင်းများ ခိုင်းသမျှကို မညီးမညူ ကူ ညီပေးတတ်သည်။ ခုလည်း ဟေမာ မောင်လေး လင်းဟန် ကိစ္စ ပဲဖြစ်မယ်ထင်သည်။ မှန်သည် ဟေမာ တွင် ပိုလီယို ဖြစ်နေသော လင်းဟန်ဆိုသော မောင်တယောက်ရှိသည်။ ဟေမာသည်သူ့ ကလေး သုံးယောက် ဖြစ်အလုပ်ရုပ်နေသောကြောင့် သူမောင်လေးကို မကြည့်နိုင် ဒါကြောင့် သူတို့နေသော တိုက်ဧ။် ဒုတိယထက်တွင် အခန်းငှားပေးပြီး သူနာပြူနှင့် ထားသည်။ တခါတလေ ဟေမာက သူမောင်လေးကို စကားပါးခြင်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးခြင်လိုပဖြစ် ဖြစ် ဧပရယ်ကတဆင့် ထည့်ပေးလိုက်သည်။ နောက်သူမောင်လေးကို လည်း ကြည့်ထားပေးဖိုလည်း အကူညီတောင်းထားသေးသည်။

ဒေါက် ဒေါက် ဒေါက်

ဟောဒါ ဧပရယ်ပဲ ဖြစ်မယ် သူ ၀မ်းသာအားရ တံခါးထဖွင့် ပေးလိုက်သည်။ နောက်ဆုံးတော့ သူအမျှော်လင့်စုံး ဧပရယ်ရဲ့ မျက်နှာလှလှ လေးကို သူတွေ့ရပါပြီ။ သူမက သူကိုမြင်မြင်ခြင်းနုတ်မှ

ဟိုလေ ဟေမာက သူမောင်လေးတွက် စာတစောင်ပေးလိုက်လို့ သူအခန်းတည်း ၀င်ပေးပြီး စကားနည်းနည်း ကောင်းနေလိုကြာသွားတယ်သူမတကယ့်ကိုမျက်နှာငယ်လေးနှင့် သူလည်း စိတ်စိုးပြေသွားပြီး

ဒေါက်တာ သန်းအောင် လာကြည့်သွားတယ်

ဟင် ဟုတ်လား ဒီလစောလှခြည်လား

သူ ဒီလလယ်လောက် နိုင်ငံခြား မှာ အစည်းဝေးပွဲတက်စရာ ရှိလို့ စောလာတယ် ဆိုပဲ

ရှင် သူကို ခေါင်းကိုက်ရောဂါမသက်သာတဲ့အကြောင်းပြောဖြစ်သေးလား

အင်း

ဒါဆိုသူက တခြားဆေးပြောင်းပေးမယ်တဲ့လား

မလိုပါဘူးတဲ့ ငါရောဂါ က စိတ်အေးသက်သာ အနားယူလိုက်ရင်ကောင်း သွားမှာပါတဲ့။ ဒါနဲမင်း ဆေးကုတဲ့အလုပ်ကကော အစဉ် ပြေရဲ့လား

အင်း ဒီနေ သွားလာပြတဲ့လူနာက ၆ ယောက်လောက်ပဲရှိတယ် ဆေးခန်းမှာ ဒီနေ့လူပါးတယ် သူ တကယ်တော့ သူမအလုပ်လုပ်တဲ့ ဆေးခန်းကို ရောက်ဖူး သည် သုဝဏ္ဏ ကျွန်းရွေမြိုင် လမ်းထဲက ခြံတခြံထဲမှာ ဖွင့်ထား တဲ့ သွား အထူးကုဆေးခန်း လေး သိပ်တော့ မကြီးလှ သူမအပါဝင် သွားဆရာဝန် သုံးယောက်သာရှိ သည်။ အဒီတုန်းက သူရဲ့ လက်တုနှစ်ဖက် ကို ၀ိုင်းကြည့် ကြသဖြင့် သူလည်းရှက်လာပြီး နောက်ဆိုသူမ ဆေးခန်းကို မလိုက်သွားတော့။

 

သူ ဘာလုပ်နေသလဲ‘ ………………

ဘာကြောင့် ဒီမေးခွန်းကိုပါးစပ် ကမေးမိမှန်း သူမသိ။

သူမက သူမေးခွန်းကြောင့် ကြောင် အမ်းအမ်းဖြစ်ပြီး ဘယ်သူလဲ

လင်းဟန်ဆိုတဲ့ကောင်လေး လေ

အော သူလား ကျွန်မ ရောက်သွားတုန်းကတော့ ဘီးတတ်ကုလားထိုင်ပေါ် မှာ ထိုင်ပြီး စာဖတ်နေတာပဲ။ ဘာလိုမေးတာလဲ ဟင်

သူလည်း အမေးကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အာ အော် ဘာမှမဟုတ်ပါဘူးကွာ  တတိုက်ထဲနေသူခြင်းဆိုတဲ့ သိခြင်လို့ပါ

သူ အဖြေကြောင့် သူမ ပြုံး သွားသည်။ နောက်

ရှင် ပျင်းနေတယ် မှတ်လား

  မင်းနဲ့ တူ ရှိတဲ့ အချိန်တွေ ဆိုမပျင်းပါဘူးကွာ

ဒါဆို ကျွန်မ မရှိတဲ့ အချိန်တွေကော

ဒါကတော့ ကွာ မင်းမရှိတဲ့အချိန်တွေမှာ ဆိုမင်းပြန်လာကို မျှော်နေရတာ ကိုက ငါအလုပ်တခုပေါ့  ။ ဘာပဲပြောပြော လေ ခုချိန်ထိတော့ မင်းက အိမ်ကို ပြန်လာ သေးလိုတော် ပါသေးရဲ့ 

သူမက သူ့စကားကြောင့် မျက်မှောင်ကြုတ် သွားပြီး

ပြန်လာလိုတော်သေးတယ်ဆိုတာ ဘယ်လိုလဲဟင်

ဘာမှမဟုတ်ပါဘူး ကွာ ၊ ငါစကားမှား သွားလို့ပါ ။ ဒီနေ့ ဒေါက်တာ သန်းအောင် က ရုတ်တရက် ရောက်လာတော့ ငါ စိတ်တွေ သိပ်မကြည့်လိုပါကွာ ။

ဘာကြောင့်လဲ။ ရှင်ပဲ ဒေါက်တာသန်းအောင်လာရင် သဘောကျတယ်ဆိုကျွန်မကို ပြောဖူး သားပဲ။ ဒါကဘယ်လိုဖြစ်ရတာလဲ

မဟုတ်ပါဘူးကွာ ။ ငါ့က သူ ကို ရောဂါနှင့် ပတ်သတ်ပြီး ပွင့်ပွင့် လင်းလင်း မပြောပဲ ဖုန်းကွယ်ထားတယ်ဆိုပြီး ကတောက်ကဆ နည်းနည်း ဖြစ်သွားလို့ပါ

ရှင်ကတကယ်ပဲ သူ့ကို ဖုန်းကွယ် ထားတာမရှိဖူးလား

မရှိပါဘူးကွာ ။

ဒါဆိုကျွန်မကို ကော ဖုန်းကွယ်ထားတွေရှိလား

မရှိပါဖူးကွာ။ ဘာလိုမင်းကို ငါက ငါစိတ်ထဲမှာဖြစ်နေတာတွေ မပြောပဲဖုန်းကွယ်ရမှာလဲကွ။

ဘာမှမဟုတ်ပါဘူး ။ ဒီလိုပဲမေးကြည့်တာ။ပြီး သူမ ထမင်းစာပွဲ သို့ သွားပြီး နှစ်ယောက်သား ထမင်းခူး နေသည်။ သူလည်း ထမင်းစား ပွဲသို့သွား ပြီး ခူးထားသော ထမင်းပွဲရှေ့ဝင်ထိုင်လိုက်သည်။ နောက်သူတို့နှစ်ယောက် တိတ်တိတ်လေး ညနေစာ စားနေရာ မှ ဧပရယ်က သူကို စိုက်စိုက်ကြည့်ပြီး

ကျွန်မ စဉ်စားနေမိတယ် ဒီတခါ အားလပ်ရက် ရရင် အပန်းဖြေခရီး သွားကြမလားလို့

မင်းလည်း အလို ပဲထင်လား

ဘာလဲ ဒေါက်တာသန်းအောင် ကကော အဲလိုပြောလိုလား  သူမက တအံတအောပြောသည်။

သူက ပြောတယ် ငါက နေရာ အပြောင်းလဲလို တဲ ဒါဆိုခေါင်းရှင်း သွားမယ်တဲ့။ ငါကပြန်ပြောလိုက် တယ် ငါဒီ ကလွဲလို တခြားနေရာကို မသွားခြင်းဘူးလို့

ထိုသို့ ပြောလိုက်ပြီးနောက် ရုပ်တရက် သူမျက်ရေ ၀ဲလာသလို ခံစား မိလိုက်တယ်။ မျက်စိတယ်ဖုန်ဝင်လိုလည်း ဖြစ်ခြင်ဖြစ်မှာပါ။ တကယ်တော့ သူ အများကြီးတောင်တွေး မျောက်တွေး ရှောက်တွေးနေမိသည်။ သူမှာ ဒီလိုတွေးဖို တယောက်ထဲနေရတဲ့ အချိန်က လည်း များတာကိုး။ အဒါကြောင့်လည်း သူကို ဆရာဝန်က သိပ်မတွေးနေ မိအောင် တနေရာ သွားခိုင်တာဖြစ်လောက်တယ်။ သူ မျက်မှောင် ကြုတ်လိုက်သည်။

ဘာကို ရှင် ဒေါသထွက်နေတာလဲ

မထွက် ပါဘူးကွာ

ကျွန်မအမြင်မှာ ရှင်တကယ် မပျော်သလိုပဲ

ကျွန် မ ရဲပြူမူတွေက ရှင်ကိုတကယ်ပဲ နာကျင်စေသလားဟင်

သူမ ရိပ်မိတယ် ရိပ်မိနေတယ်။ အေးလေ ဒီလောက်တော့ သူမ ရိပ်မိတာပေါ့။ နုတ်ကတော့

မဟုတ်ဘူး ။ လုံးဝမဟုတ်ပါဘူးအနှစ် ၂၀ တောင်ကြာခဲ့ပြီပဲ သူတိုပတ်သက်လာမူဟာ။ ခုတော့ အစိုးဆုန်း ချိန်ကို ရောက်တော့ မှာလား ။ သူ ဒါတွေ မစဉ်းစားခြင်တော့

တော်ပြီကွာ စကားသိပ်မပြောနဲ့တော့ ဟင်းတွေ အေးရင်သိပ်စားမကောင်းတော့ဘူးကွ။ ငါချက်ထားတဲ့ သီးစုံချည်ရင်ဟင်း ကောင်းတယ် ဟုတ်။သူ စကားလမ်းကြောင်းပြောင်းလိုက်သည်။

ပြီး သူတို့ထမင်း ကို တိတ်တိတ် လေး ငုတ်စားနေသည်။ ဒါပေမယ့် မြိန်ရေယှက်ရေမရှိကြ။

 

စည်သူ

Posted on September 11th 2009 in fiction, own tune fiction

ဧပရယ် ၁

1 Comment »


 

ရှင် ကို ကျမချစ် တယ်

အဒီစကား တခွန်း ပါပဲကွယ်

ငါ ဘ၀တခု လုံး မင်းရှေမှာ

ဒူးထောက်လျှက် ပေါ့

                              ( ကိုကိုကြီး )

 

အခန်း ၁

 

ရန်ကုန်မြို့ တွင်းရှိ ကျောက်မြောင်း ဟုခေါ်တွင်သော လူစည်ကားသော ရပ်ကွက်တွင်း ရှိ ကုစ္ဆာသယ ဟု အမည်နှင့်မလိုက်အောင် ချိုင်ခွက် ဗလပွဖြင့် ပြည်နေသာ ကုတ္တရာလမ်းရှိသောလမ်းတလမ်း၊ ထိုလမ်းတွင်း ရှိ အလွန်ဟောင်းနွမ်း ပြီးပြိုကြတော့မယ် ဟန်ရှိသော ၅ ထပ်တိုက်ခန်းတွဲ၏ အပေါဆုံးထပ် ရှိ ၀ယန်တာ ပေါ ရှိ ကုလားထိုင်တလုံး မှနေရ်ျ လမ်း မ ပေါ်သို မလုပ်မရှက်ငုပ်ကြည့်နေသာ လူတယောက်။  သူ ကား ကိုကိုကြီး။ ။

 

သူရုပ်တရက်မျက်မှော ကြုပ်လိုက်သည် အဘယ်ကြောင်းဆိုသော်   ဒေါက်တာသန်းအောင် ၏ ကားပြာလေး သည် ကျားကွပ်သစ် လမ်းမကြီး မှနေရ်ျ ကုစ္ဆာသယ လမ်းတွင်း သို့ချိုးကွေ့လာသည်ကို တွေမြင်လိုက်သောကြောင့်ဖြစ်သည်။ နောက်ထိုကားပြာလေး သည် စာရေးကြိယာ ဆိုင် ရှေ့တွင် ရပ်ထားသော ဘင်ကားဘေးတွင် ရပ်တန့်ရန်ဟန်ပြင်နေသည်။

 

ဆရာဝန် သည် ကာ တံခါးပေါက်မှ ကျော်ရ်ျ ခေါင်းပြုပြီး ကားဘက် ဆုတ် သည်မှာ အဆင်ပြေမပြေ ပလက်ဖောင်း ပေါ်သို့ ကားဘီး ကျော် မတက်ဆေရန် သတိထား ဘက်ဆုတ် နေသည်။ နောက် ကားကို ရှေ့ သို အနည်း ငယ် ပြန်တိုး ပြီး စက်သပ်လိုက်ပြီး ။ နောက်သူ ကား သေးလေး မှနေရ်ျ တိုးထွက်လာသည်။

 

ကိုကို ကြီး သည် အမှန်တော့ ရက်တွေ ကို လိုက်မှတ်ထား သူမဟုတ်ခြေ။ တိုကြောင့် ဒီနေ ဘယ်န ရက် နေ့မှန်း သူမသိ။ ဂျူလိုင် ၅ ရက် ဒါမှမဟုတ် ၆ ရက်ဖြစ်မည်။ မသေခြာ။ သေခြာတာက သူ ဒီနေ ဘာနေ့မှန်းသိသည်။ ဟုတ်သည် ဒီနေ့ တနလာင်္ နေ့ ။ အကြောင်း က သူ မနေ့က ဧပရယ် နှင့်အတူ တကွ ၀ယန်တာ မှ နေရ်ျ လမ်းမ စည်သို့ အတူတူ ထိုင်ငေးခဲ့ကြသည်။ အင်း အဒီနေ့က တလမ်း လုံးတိတ်ဆိပ်နေလိုက်ကြတာ တလောကလုံးသူတို့ ပဲ ရှိတယ်လို  တောင်အောက်မေ့မိသေး ခဲ့သည်။

 

ဘယ်လို ပင်ဖြစ် စေ သည် ဆရာဝန် သူ ကိုလာကြည့်တာ သတ်မှတ်ရပ်ထက်စောနေသည်။ အမှန်ဆို ဆရာဝန်သည် လတိုင်း  ၂၀ ရက်ကျော်မှ တဘက်လမ်းရှိ သူ၏ လူနာ ဖြစ်သော အောက်ပိုင်းသေနေသော အဖွားအိုကြီး ကိုကြည့်ပြီး မှသူ ဆီ ၀င်လာနေကြ မှာထုံးစံဖြစ်သည်။ သူ နှင့် ဒီဆရာဝန်မှာ သိကျွမ်း ခဲ့သည်မှာ နှစ် ၂၀ ခန့်ရှိပြီ ဖြစ်သော ခင်မင်ရင်းနှီး  မူ ကြောင့် လစဉ် သူကို ကျန်းမာရေး စစ်ဆေးမူ အဖိုးခမယူပဲ လာလာ ကြည့်ပေးနေသူလည်းဖြစ်သည်။တကယ်တော့ သူက အရိုးထူးကု ဆရာဝန်ဖြစ်သည်။

 

ဟော ဆရာ ၀န်ကားထဲက ထွက်လာပြီ။ နေရောင် ကြောင့် လားမသိ သူနဖူးသည် ပိုရ်ျ ပင်ပြောင်လက်နေသည် ။ နောက် ဒီ ဆရာဝန် သူရှိ ရာ ၀ယန်တာပေါ်သို့လှည် ပြီး သူကို လက်ပြနုတ်ဆက်သည်။ ပြီး သူ ၅ ထပ်တိုက်အောက်ဘက်သို သူ၏ ခန္ခာကိုယ်ဝဖိုင်းကြီးဖြင့် တအိအိ လျှောက်လာသည်။ ကိုကိုကြီးတွေးမိသည် အင်း ဒီလူတောင် အသက် ၆၀ ကျော်ရော ပေါ ။ စသိတုန်းက အသက် ၄၀ သာသာ ပဲရှိသေးတာ။ အော် အချိန်ကုန်တာ မြန်လိုက်တာ။

 

ပြီး သူ ဆရာဝန် ၅ ထပ်တိုက်ပေါ် သို့ တက်လာသော တက်လာသည့် ခြေသံကို နားဆွင့် ကြည့်သည်။ စိတ်ထဲ မှ လည်းဘာကြောင့် ဒေါက်တာသန်းအောင် သက်မှတ်ရက်ထပ် စော ပြီးဘာကြောင့် သူကို လာကြည့် တာလဲ စဉ်းစားကြည့်နေသည်။ ဧကဏ ဧပရယ်က ပဲ ဒီလို စောလာ ဖို့ ပြော ထားလိုပဲလား။ ဟော ဆရာဝန် ခြေသံ ဒုတိယ ထပ်လောက် ရောက် တော့ မကြားရတော့။ အင်း ဒီလူ မော လို ခဏနားတာဖြစ်မယ် နုလုံးကလည်း သိပ်မကောင်းဖူးမှတ်လား။ ဒီလူ အိတ်ကပ်ထဲ မှာ အမြဲ နှလုံး အာ တိုးဆေးဆောင်ထား တာ သူ တွေ့ တွေ့ နေသား။ ဟော ခြေသံ လေးထပ် လောက်မှ ထပ်ရပ်သွားပြန်ပြီ။ ထပ်နားပြန်ပြီထင်တယ်။ ဟော ခြေသံ ပြန်ကြားရပြန်ပြီ ။ မကြာမီ သူနေသော ငါးထပ်သို့ ဆရာဝန်ရောက်လာတော့မည်။ သူလည်း တံခါးဖွင်ပေးရန်တံခါး နားသို သူ သွားစောင့်နေလိုက်သည်။

 ဒေါက် ဒေါက် ဒေါက်

 

တံခါး ခေါက်ပြီ။ သူ တံခါး ဖွင့်လိုက် တော့ လက်ကိုင် ပ၀ါလေး နှင့် နဖူးပြောင် ပြောင် ကြီး ကို ခြွေးသုတ် နေသော ဆရာဝန်ကို သနားစဖွယ် သူတွေ့လိုက်ရတော့သည်။ ဆရာ ၀န်လည်း သူ့ခန်းတွင်း မှ ဆူးထွက်လာသော ပန်းချီ ဆေးနံကြောင် ထင် သည် နှားခေါင့်း ရုံသွားသည် ။ ဟုတ်တော့ လည်း ဟုတ်သည်  သူတွင် ဧည်သာလာရင် ဧည့်ခံဖို့ အခန်းသီးသန့်မရှိ ပန်ချီဆွဲသော အခန်းမှာ ပင် ဖြစ်သလိုဧည့်ခံရသည်။ ပြီးတော့ ထမင်းစား တော့လည်း ဒီနေရာမှာ ပဲဖြစ်သည်။

 

နောက် ဆရာဝန်က သူကိုသေခြာခြာ စိုက်ကြည့်ပြီး။ နုတ်မှ

 

ခင်ဗျား အိမ်မှာရှိမှ ရှိပမလားလိှု့ဗျာ

 သူကလည်း

ဘာကိစ္စ ကျုပ်က အိမ်မှာ မရှိ ရမှာလည်း ခင်ဗျားကလည်း ကျူပ်သိပ်အပြင်မထွက်တာ သိရဲသားနဲ့

အပြင်ဘာလေးများ များ ထွက်ပေးသင့်တာပေါ့ ဗျာ။ အိပ်ခန်း ထဲမှာကြီး ကုပ်မနေ နဲ့ အုန်း။ အော်ဒါနဲ့ ဒီနေ ခင်ဗျာကို စောပြီး လာကြည့်တာက နောက်တပတ်ကျရင် ကျုပ်မအားလို့ နိုင်ငံခြားကို အစီးဝေးပွဲ သွားတတ်ရမယ်လေ ။ ဒါကြောင့်

 

နောက်ဆရာဝန်က ကုလားထိုင်တလုံး တွင် ၀င်ထိုင်လိုက်သည်။ အမှန်တော့ သူတိုအိမ် တွင်ကုလားထိုင်နှစ်လုံးသာရှိသည်။ တလုံးက သူထိုင်ဖို့ နောက်တလုံးက ဧပရယ်တွက်။ ခု ဒီဆရာဝန် ဧပရယ် ကုလားထိုင်တွင်ဝင်ထိုင်နေခြင်းဖြစ်သည်။ ပြီး ဆရာဝန်ကဆက်ရ်

ဘယ်လို လဲကိုယ်လူ ။နေရထိုင်ရတာ အဆင်ပြေရဲ့လား

ကောင်းပါတယ် ။ဒီလိုပဲပေါ့ပေါ့ ပဲ သူပြန်ဖြေလိုက်သည်။

 

ခင်ဗျာ ရဲ ဇနီး ဧပရယ်ရော ဘယ် လိုလဲ။ နေကောင်းတယ်မှတ်လား။

 

ကောင်းပါတယ်။ ကျန်းမာဆဲ အရင်လိုဆွဲဆောင်မူရှိဆဲပါဗျာ

သူ ထိုသို့ပြောပြီးမှ သူ ဒီလိုပြောမီခြင်းကို နောင်တရမိသလို။ အထူးသဖြင့် တခြားယောင်္ကျားတယောက်ကို သူဇနီး လှတုန်းချောတုန်း ပြောရသည် မှာသူ ဘာကြောင့်မှန်းမသိ စိတ်တွေ ထင့်နေသည်။ ဟုတ်တော့ ဟုတ်သည် ဧပရယ်က ခုထိလှတုန်း ပဲ ကိုး။ အသက်ကလည်း ခုမှ ၃၈ သာသာပဲရှိ တာ သူထက်တောင် ၂ နှစ်လောက်ငယ်တာ။

 

ဆရာဝန် မှတ်ချက် စကား ကလည်း သူကို စိတ်မချမ်းမြေ့စေတယ်

 

အင်း ဟုတ်တယ် သူမက တကယ်ကို အရွယ်တင်တဲ့ မိန်းမပဲဗျို့ဆက်ရ်ျ

 

ခင်ဗျား တို့ ခုလာမယ့် သီတင်း ကျွတ် ပီတ်ရက် ဘယ်ကို သွားအပန်းဖြေကြမလဲ

 

အင်း ဧပရယ်က တော့ သီတင်းကျွတ် ပီ တ်ရက် ရပါတယ် ။ သိုပေမယ့် ကျွန်တော်တို့ အိမ်မှာပဲ နေပါမယ်

ဘာကြောင့်လဲ

 

  မသွားခြင်လို့ ပေါ့ဗျာ

 

ဆရာဝန်က ခေါင်းတချက် ခါလိုက်ပြီး ။ ဆက်ရ်ျ

 

ခင်ဗျာ ခေါင်းကိုက်ကိုက်နေတာကောဘယ်လိုလဲ ။ ကိုက်တုန်းပဲလား

 

အင်း

မကြာမကြာ ကိုက်တာလား

 

အင်း

ဘယ်လိုမျိုး ဆို ခင်ဗျား ခေါင်း ကိုက်လာတတ်လဲ

 

ဒါကတော့ ပြောရ ခက် တယ်။ အများဆုံး ဖြစ်တတ် တာ က ရုတ်တရက် ထိုင် နေရာက မတ်တတ် ရက်လိုက်တာ တို့။ ခုံ တခုံ က နေ တခြား တ နေရာ ကို ရွေလိုက် တဲ့ အချိန်တွေမှာ ခေါင်းက ကိုက် တတ် လာတော့ ပဲ

 

ဘာကြောင့် ဒီဆရာဝန် လာတိုင်း ဒီ မေးခွန်ခြည်း ပဲ ထပ်ထပ်ခါ မေး နေ မှန်း သူနားမလည်။ ဒီလူ သူ ခေါင်းကိုက် ရောဂါ ခံစားနေ တယ်ဆိုတာကို တကယ် ကော ယုံကော ယုံရဲလား။ သူဟန်ဆောင်နေတယ် ဒီ ဆရာဝန်ထင်နေလား သူ မတွေးတတ်။

ဟိုတလော တုန်းက လည်း ဒီဆရာဝန်က သူ ခေါင်းကိုက်ရော ဂါ ဇစ်မြစ်ကို သိဖို့ ဦးနှောက် နှင့် အာရုံကြော အထူးကု ဒေါက်တာ အောင်ကြီး ဆေးခန်းကို သူကိုလွတ်လို့ သူ သွား ခဲ့သည်။ သူ တွေးမိသည် ဒီ ဒေါက်တာအောင်ကြီး ဆိုသော ငနဲ သည် သူ တွေဖူး သမျှ ဆရာဝန် ထဲတွင် အမေးမြန်း ထူဆုံး ဆရာဝန်တယောက်ဖြစ်သည်။ ကြည့်ပါလား မဆိုင်တဲမေးခွန်းတွေကို မေးသည်။

သူ တိုက်ပွဲတပွဲတွင် မိုင်းထိရှ် လက်နှစ် ဖက်လုံးပျက်ခဲ့တဲ့ အကြောင်းတွေ၊ အဒီတုန်းက သူ ဦးနှောက်မှ ထခိုက်မခြင်းရှိမရှိ။ အမှန်တော့ ဒီဖြစ်ရပ် ဖြစ်ခဲ့တာ အနှစ် ၂၀ လောက်ရှိရော ပေါ့  တကယ်ကို လက်တွေမကြတဲ့ မေးခွန်းပဲ။ နောက် မေးသေးသည် သူ ညည နှစ်နှစ် ခြိုက် ခြိုက် အိပ်ရ်ျ ပျော်မပျော်။ တကယ်တော့လည်း သူ ညည တွေဆို မျက်စိကြောင်နေတတ်သည် ။ ပြီး နောက်ကို တခြား မဆီမဆိုင် မေးခွန်း တွေလည်း တပုံကြီး မေးသေးသည်။ သူ ကြာလာ တော့ မေးခွန်း တွေ ဖြေရတာ သူ စိတ်ပျက်လာ သည်။

ဒါ နှင့်မပြီး သေး သူခေါင်းကို X -ray တွေဘာတွေ ရိုက်လိုက်သေးသည်။ သူ ဒီ ဒေါက်တာ အောင်ကြီး ဆိုသော ငနဲဆီ နှစ်ခါ လားပဲ သွားလိုက် သည် နောက် ခြေဦးပင်မလှည့် တော့ ။ အလိုသူတွေးကောင်းနေတုန်း ။ ဆရာဝန် ၏ အသံကြားလိုက်ရသည်

 

ခင်ဗျာ လက်က ပြတ်နေတဲ့နေရာ တွေက အသာပိုတတ်သေးလား

 

သိတ်မတတ်တော့ပါဘူး

အဒီနေရာက သိပ်ယားနေသလား

 

အဒီလောက်က တော့ ခံနိုင်ရေ ရှိနေပါပြီ

 

လက် အတုက ကော ၀တ်ရတာ အဆင်ပြေရဲလား ။ ချောင်များချောင်ကြလာသလား

 

ခုထိတော့ အဆင်ပြေ ဆဲပဲ ။ နောက်တော့ ဘယ်လိုနေမယ်မသိဘူးလေသံအေးအေး နှင်သူ ဖြေလိုက်သည်။

 

ရုတ်တရက်ဆရာဝန်က ဒေါသတကြီး စားပွဲခုန်ကို လက်နှစ်ပုတ်ပြီး ။ သူကို ဒေါသတကြီး ပြောလိုက်သည်ဒ

 

ဒီမှာ ကိုကိုကြီး ခင်ဗျာ ဘာလို ကျုပ်ကို ပွင့်ပွင့် လေးမပြောနိုင်ရတာလဲ။ ဘာကြောင့် လျိုဝှက် ထာခြင်ရတာလဲ ခင်ဗျာ ခံစားနေရတာ တွေကို

 

ကျုပ် ဘာတွေ လျိုဝှက်ထားလိုလဲ။ မရှိပါဘူး

 

ကျုပ် အာရုံကြော အထူးကု ဒေါက်တာအောင်ကြီး နဲ့တွေ့ ပြီးပြီ ။ သူကပြောလိုက်တယ် ခင်ဗျာ ခေါင်းကိုက် ရောဂါက တကယ်တော့ စိတ်ကြောင့် ဖြစ်တာ တဲ့။ အထူးသဖြင့် တစုံခုကို စိုးရီမ်ထိန့်လန့် နေ တာ ကြောင့် လို ဆိုတယ်။ ဒါကြောင့်ခင်ဗျာ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေခရီးထွက် သင့်တယ်။ ကောင်းတာက တော့ ပင်လယ်ကမ်းခြေပေါ့။ ခင်ဗျာ ပင်လယ်ကမ်းခြေ ဖက်ရောက်ဖူးလား။

 

ကျုပ်က ပင်လယ်ကိုတောင်ကောင်းကောင်းမြင်ဖူးတဲ့ကောင်မဟုတ်ဖူး

မှန်သည် သူ ဒီအသက်အရွယ် ၄၃ လောက် ရောက်လာသည့် တိုင်အောင်ပယ်လယ်ကို မမြင်ဖူး။ သူမွေးတာကလည်း ရန်ကုန်မှာ ကြီးတော့လည်း ရန်ကုန်ဆိုတော့ ပင်လယ်ပြာပြာကို မြင့်ဖို အခွင်လှမ်းမရှိခဲ့။ နောက် သူ စစ်ဗိုလ်ဖြစ်လာ တော့ တာဝန်ကျ တဲ့နေရာက လည်း ပင်လယ်ကမ်းခြေ နဲ ဝေးသော တောင်ပေါမြို့ ဖြစ်တဲ့ တောင်ကြီး မြို့။ အင်း အဒီ မြို မှာပဲ သူ ဧပရယ် နဲ့ စဆုံခဲ့တာ မှတ်လား။ သူပြုံးမိသည်။

 

ဒါ ဆို ရင်တော့ ခင်ဗျာ ခု သီတင်းကျွတ်ပိတ်ရက်မှာ ခင်ဗျာဇနီး နဲတူ ချောင်းသာ ဖြစ်ဖြစ် ငွေဆောင်ဖြစ်ဖြစ် သွား ဗျာ ။ဒါဆို ခင်ဗျာ ခေါင်းကိုက်တာလည်း သက်သာလာလိမ့်မယ်။ ဒါကတော့ ကျုပ်အထူး အကြံပေးခြင်းပဲ။ ကဲ ကျုပ်ပြန်တော့မယ်။နောက် လမှ ထပ်လာခဲ့အုန်းမယ်။

ဟုဆိုကာ ထိုင်နေရမှမတ်တက်ရပ်လိုက်ပြီး တံခါးဆီသို လျှောက်သွား သည်။ သူလည်း ဆရာဝန်ကို တခါး ၀ထိလိုက်ပိုလိုက်သည်။

တံခါး ၀ ထိပ်သို ရောက်သောခါ ဆရာဝန်က သူ ဘက်လှည့် ပြီး ။

သွားဖြစ်အောင်တော့ သွားနော် ။ ခုတော့ ဘိုင်ဟုဆိုကာ အောက်သို လှေကားထစ်တိုင်း ဆင်းသွားသည်။

သူလည်း ဆရာဝန်အောက်သို့ ဆင်းသွား သည် လှေကား တိုင်း အတန်ကြာ ရပ်ကြည့် နေပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ လီမ္မော်ရောင် ဖျော့ဖျော့ သဏ္ဏန် ရှိသော ညနေဇောင်း နေရောင်သည် အခန်းတွင်းသို့ ဖြတ်သန်းပြီး သူ၏ ဆွဲလက်စ ပန်ချီကား ပေါ် သို ယှက်သန်း နေသည်။ သူ တွေးလိုက်သည် အင်း ညနေ တောင် ရောက်နေပြီပဲ။ ဒါဆို မကြာမီ ဧပရယ်တောင် သူ မ အလုပ်လုပ်နေတဲ့ သွားအထူး ကု ဆေးခန်း က ပြန်ရောက်လာတော့မယ်။  သူ ကုလားထိုင် တလုံး ပေါ် သို့ ပြစ်လှဲ ချလိုက်ပြီး သောက်လက်ဆ ဂျီုးသိန်း ဆေးပေါ့လိပ်တိုကို မီးညှိလိုက်သည်။ နောက်သူ ဆေးလိပ်တိုကို အားရပါးရဖွာချလိုက်ည် ။ ပြီး သူ ဆေးလိပ်မီးခို့ ငွေ့များကို မျက်နှာကြတ် ပေါ် သို့မူတ်ထုတ်လိုက်သည်။မီးခိုး ငွေ့ကြားတွင် ဧပရယ် မျက်နှာပြည့်ပြည့် လေးသည် ဟိုတစ ဒီတစ။……………………………ဆက်ရန်

                                                                                                     စည်သူ

Posted on August 28th 2009 in own tune fiction